Teerak

651 97 9
                                    

အချစ်ကလေးရေ။

ငါ့ရဲ့နေ့ရက်တွေဟာပြောင်းလဲလာပြီ။လူတွေကြားမှာလည်း popularဖြစ်လာသလိုငါ့အတန်းထိလာလာချောင်းတဲ့မိန်းကလေးတွေကမနည်းမနောပင်။

ဒါပေမယ့်ဒါတွေကငါ့အတွက်တော့ဘာမှမဟုတ်။ငါ့ကလေးလေးအမြင်မှာသာငါကြည့်ကောင်းဖို့လိုသည်။fourthကတအားဖော်ရွေတဲ့အပြင်သူတစ်ကယ်ခင်သွားရင်လည်းနိုင်စားတတ်တဲ့အကျင့်ကလေးရှိသည်။

သူ့သူငယ်ချင်းတွေကြားမှာအဲ့တာကြောင့်ဆရာကြီးဖြစ်နေတာ‌နေမှာ။markကျေးဇူးကြောင့်နှင့်ဒီထိရောက်လာသည်မလို့သူအကူအညီလိုတိုင်းလည်းငါပေးသည်။

ခုရက်ပိုင်းတွေမှာငါmaeကားနှင့်ကျောင်းမသွားတော့ပေ။fourthကိုစောင့်ရင်းသာbusစီးတတ်နေလေပြီ။fourthကသေးသေးလေး။လူတွေကြားညှပ်နေမှာစိုးလို့ငါအမြဲသူ့အနောက်တွင်ရပ်ကာ ကာပေးသည်။

စာရေးလည်းသူမရတော့ရင်ရှင်းပြခိုင်းလိုက်၊ရေးပေးခိုင်းလိုက်၊စားချင်တာတွေ့ရင်ချွဲလိုက်၊လိုချင်တာမရရင်ဆူပုတ်ပြီးရိုက်လိုက်၊တစ်နေ့တစ်နေ့သူ့လွယ်အိတ်ကိုကူသယ်ပေးရတဲ့အပြင်ကော်လံလေးစောင်းနေသည်ကအစငါလုပ်ပေးရသည်။

ဒါလည်းဘုရားသခင်ဆုချတာပဲ!ငါဆူပုတ်နေမယ်ထင်လားတစ်ရာ ရာခိုင်နှုန်းမဟုတ်ဘူးပေါ့။ငါကအမြဲပြုံးပြုံးလေးဖြင့်သာအချစ်ကလေးလိုချင်တာမှန်သမျှအကုန်မျက်စိမှိတ်ပြီးတော့ကိုလုပ်ပေးမှာ။

ငါဒါတွေလုပ်ပေးလို့လုပ်အားခအနေနဲ့fourthရဲ့ထိရှလွယ်တဲ့ခါးကလေးကိုကိုင်ခွင့်ရပြီးတစ်ခါတစ်လေအချစ်ကလေးလို့လည်းစနောက်ကာခေါ်လို့ရလေသည်။karbလို့ပြန်‌ဖြေတဲ့အသံလေးကိုကအသဲယားစရာ။

တစ်ချိန်လုံးနီးပါးငါအချစ်ကလေးလို့ခေါ်လေသည်။တစ်ချို့blဆိုလားဘာဆိုလားကြိုက်တဲ့ကောင်မလေးတွေဆိုရင်ငါတို့ကိုဓာတ်ပုံခိုးခိုးရိုက်တာမြင်လေသည်။

Fourthရဲ့အချစ်ကလေးများgpထဲ၀င်ပြီးupdateတွေကိုခိုးခိုးကြည့်ရတာငါသဘောကျ၏။socialကျတဲ့လူတစ်ယောက်မဟုတ်လို့line appနဲ့igကလွဲပြီးငါဘာမမှမသုံးတတ်။

the boy name fourth nattawat(geminifourth ff✅)Where stories live. Discover now