Alcohol (18+)

1.3K 105 11
                                    

မိုးလင်းပေါက်ထိ။(အသက်ပြည့်မှဖတ်နော်:3)

နေ့ရက်တိုင်းဟာပျော်စရာ။fourthကငါ့ရည်းစားလေးဖြစ်လာတာကိုး။အချိန်တွေကုန်တာမြန်ပါတယ်။ငါတို့အထက်တန်းနှစ်တောင်ကုန်တော့မယ်။

နောက်ဆုံးစာမေးပွဲကြီးအတွက်ငါfourthကိုအလိုမလိုက်ခဲ့တာမှန်သွားပြီ။သူကအဆင်ပြေပြေလေးနှင့်ပင်တစ်ဘာသာပြီးတစ်ဘာသာဖြေနိုင်လေသည်။

နှုတ်ခမ်းအားပေါက်သည်အထိနမ်းပြီးphysicသင်ပေးခဲ့တာကြောင့်သူ့မှာခုထိphysicကိုအသဲစွဲမုန်းနေတုန်းပေ။ဒါတောင်ဆရာ၀န်ဖြစ်ချင်တာတဲ့ဆရာသမားက။တစ်ခါတစ်လေကိုယ့်ရည်းစားလေးပြည့်ရောပြည့်ရဲ့လားတွေးမိသည်။

ဒါပေမယ့်လည်းချစ်ဖို့ကောင်းတယ်ဟီးဟီး။ကျောင်းနောက်ဆုံးနေ့မှာငါမိန့်ခွန်းတက်ပြောရသည်။အထက်တန်းနောက်ဆုံးနှစ်ဆိုတာဘ၀မှာတစ်ခါပဲရမှာမလို့ပျော်ရွှင်စွာပဲဖြတ်သန်းသင့်တဲ့နှစ်တစ်နှစ်ပါ။

သူငယ်ချင်းအုပ်စုလိုက်နဲ့ပျော်ပါးတဲ့အချိန်တွေ၊အချစ်ဦးတွေ၊crushတွေ၊အတန်းကြီးတွေနဲ့စနောက်တဲ့အချိန်တွေ၊ဆရာမတွေနဲ့ရီမောတဲ့အချိန်တွေ၊လူငယ်ပီပီတက်ကြွပြီးစိတ်ကစားတတ်တဲ့မိဘရင်ခွင်ထဲမှာပျော်မြူးရမယ့်အချိန်တွေဒါတွေဟာဘ၀ရဲ့တစ်စိတ်တစ်ပိုင်းမှာပါ၀င်နေမှာကအမြဲတစေပါပဲ။

ငါတို့ကျောင်း၀တ်စုံတွေမှာစတစ်ကာတွေလိုက်ကပ်ကြသည်။fourthကငါ့ရင်ဘတ်အလယ်မှာအသံအနီရောင်လေးကပ်ပေးပြီးကျောမှာလည်း'fourthအပိုင်'ဟုရေးထားသေးသည်။

ချစ်စရာလေး။ငါကြည်နူးလိုက်ရတာ။ငါတို့သူငယ်ချင်းတွေနဲ့ခွဲရတော့မယ်ဆိုပြီးအိမ်ပြန်လမ်းမှာfourthကငိုနေလေသည်။ဒါလည်းခဏပါပဲ။မနက်ဖြန်ကမ်းခြေခရီးသွားဖို့သူ့ဘော်ဒါတွေကိုခေါ်လိုက်လေသည်။တစ်ကယ့်အူကြောင်ကြောင်။

__________________________

ငါတို့တစ်နေကုန်လည်ပြီးမှောင်ရီပျိုးလာတာမလို့fourthက
ငါ့ကိုစိတ်မချဘူးဟူကာသူ့ကွန်ဒိုမှာနေခိုင်းလေသည်။ငါငြင်ူမယ်‌ထင်နေလား။

ကွန်ဒိုမှာစာပြတုန်းကနေခဲ့ဖူးတာမလို့ငါ့အ၀တ်တစ်ချို့ရှိလေသည်။ငါရေချိုးလိုက်ပြီးခေါင်းသုတ်ကာအိပ်ခန်းထဲတွင်ထိုင်နေလေသည်။'gem'ဟုခေါ်တဲ့ဧည့်ခန်းထဲကအသံလေးကြောင့်ငါသွားကြည့်တော့fourthကဆိုဖာအောက်မှာငုတ်တုတ်လေးထိုင်နေ၏။

the boy name fourth nattawat(geminifourth ff✅)Where stories live. Discover now