fourth nattawat

2.3K 90 8
                                    

12တန်းနှစ်စဟာသိပ်တော့ပျော်ဖို့မကောင်းပါဘူး။ငါ့အမေကဒုကျောင်းအုပ်တစ်ယောက်ဖြစ်ပေမယ့်ငါကသိပ်လူသိများတဲ့ထဲတော့မပါ၀င်ခဲ့ပေ။

ငါ့လိုစာဂျပိုးတစ်ယောက်ကိုပေါင်းတဲ့လူဆိုလို့markဘဲရှိတယ်။တစ်နှစ်ကျောင်းနားထားတဲ့markကငါ့ထက်တော့ကြီးပေမယ့်ဘယ်တုန်းကမှphiတပ်မခေါ်ခဲ့ဖူးပေ။

ငါ့အကြောင်းပြောရရင်ထွေထွေထူးထူးတော့မရှိပါဘူး။ပါဝါ500လောက်ရှိတဲ့ဖန်ပုလင်းမျက်မှန်တစ်လက်နဲ့အတန်းရှေ့ဆုံးမှာထိုင်တဲ့လူတစ်ယောက်ပေါ့။

သွားလည်းmarkနဲ့လာလည်းmarkနဲ့တစ်ခါတ‌စ်လေငါကအထီးကျန်လွန်းသည်။အဲ့လိုထင်တိုင်းစိတ်ဓာတ်တွေကျမယ်‌လို့တော့မတွေးလိုက်ပါနဲ့။

ငါ့မှာတအားးးးချစ်ဖို့ကောင်းတဲ့crushလေးတစ်ယောက်ရှိတယ်။တနည်းပြောရရင်popular boyလေးပေါ့!သူ့အမည်က
Fourth nattawat၊ရုပ်ကလေးကလည်းလှ၊လူကလေးကလည်းချော၊အသံလေးကလည်းချို၊ပါးပြင်ကမှဲ့လေးကလည်းချစ်ဖို့ကောင်းနဲ့။

ငါတို့ကအတန်းတစ်ခုထဲဆိုပေမယ့်စာမကြိုးစားတဲ့fourth
လေးကတော့အတန်းနဲ့နောက်ဆုံးမှာပေါ့နော်။ohh~tarဘာလို့များမိုးနဲ့မြေလိုကွာခြားနေရပါလိမ့်။

မင်းသာနည်းနည်းစာကြိုးစားရင်းငါ့လိုလူကိုမှီလောက်တယ်။ဒါပေမယ့်လည်းကြိုက်တယ်။တစ်နေ့တစ်နေ့လည်ကျိုးမတက်နောက်လှည့်ကြည့်နေပေမယ့်fourthကတော့သူ့ဘေးကကောင်နဲ့ပဲဟီးလားဟားလားနေရဲ့။ရက်စက်လိုက်တာ။

____________________________

"Gem အဆင်သင့်မဖြစ်သေးဘူးလား"

"ပြီးတော့မယ်mae~"

ငါကျောင်းအင်္ကျီကော်လံလေးကိုသေချာပြင်လိုက်ရင်းမျက်မှန်အားတပ်လိုက်သည်။ငါ့ပုံစံကတုံးတိဖြစ်နေမှန်းသိပေမယ့်ထင်ပေါ်နေအောင်လည်းငါမ၀တ်စားတတ်ပေ။သွားထိန်းတတ်ထားသည့်သွားများပေါ််အောင်ငါပြုံးလိုက်ရင်း၁၂တန်းနှစ်စကိုစတင်သည်။

ကားပေါ်မှာmaeကမှာစရာရှိတာတွေမှာနေပေမယ့်ငါ့အတွေးတွေထဲမှာတော့fourthဟာစိုးမိုးနေလေ၏။ကားပါကင်တွင်ကားရပ်ပြီးသည်နှင့်ငါကငါ့လမ်းကိုသွားကာmaeကလည်းသူ့ရုံးခန်းသို့သွားလေသည်။

the boy name fourth nattawat(geminifourth ff✅)Where stories live. Discover now