အပိုင်း( 41.2)

Start from the beginning
                                    

စုယွမ် က ဟဲလျန်ချန်း ရဲ့ လက်ကို တင်းတင်း ကြပ်ကြပ်လေး ဆုပ်ကိုင်ထား လေတယ်။

စုယွမ် ဆီက အားကို ခံစား မိတဲ့ အတွက်ကြောင့် ဟဲလျန်ချန်း ကလည်း သူ့လက်သီး ဆုပ်ကို ထပ်ပြီးတော့ တင်းကြပ် လိုက် လေတယ်။

စုယွမ် အတွက် ကတော့ ဟဲလျန်ချန်း ရဲ့ အားက အတော့်ကို ကြီးတဲ့ အတွက်ကြောင့် အနည်းငယ် နာကျင် သွား လေတယ်။

ဒါပေမယ့် ဒီနာကျင် မှုကပဲ စုယွမ် ကို ဒီအ​ခြေအနေ က တကယ် ဖြစ်ပျက်နေ တယ်ဆိုတာကို အသိဝင် စေလေတယ်။

သူ့ရဲ့ ကိုယ်ပိုင် စိတ်ကို အတည်ပြု ပြီးတဲ့ နောက်မှာတော့ စုယွမ် က စတင် ပြီးတော့ ဒီအခြေအနေ ကို စူးစမ်း ပါတော့ တယ်။

သူက ခေါင်းကို လှည့်ကာ ဘေးပတ်ဝန်းကျင် ကို ကြည့်လိုက် ပြီးတဲ့ နောက် သူ့မျက်လုံးများ က ပြူးကျယ် သွားရင်း တုန်လှုပ် ကြောက်လန့် စွာနဲ့ ပြောလိုက် လေတယ်။

''  ဒ....ဒါ......ဒါ.... ဒါကြီး က အိမ်.....အိမ်မက် ကြီးလား? ''

သူ အခု ဘာကို မြင်လိုက် ရတာလဲ!

ကြီးမားတဲ့ အမှောင်ထု တောင်ကြား အတွင်းမှာ အမျိုးမျိုးသော ကျောက်စိုင် ကျောက်ခဲ လို အလုံးတွေက လေပေါ် မှာ ဝဲပျံ နေတာကို တွေ့လိုက် ရလေတယ်။

အဲ့ဒါထက် ပိုတာ ကတော့ ပျံနေတဲ့ အရာတွေ က  လူခေါင်း တွေဟ!

ဘယ်လို ဖြစ်ဖြစ် လေ ဒီနေရာက ဘယ်အရာ မဆို ဖြစ်နိုင်ပါတယ်လေ။

စုယွမ် က အဲ့တာ က အလေး အနက်ဖြစ်တယ် လို့ ခံစား ရတဲ့ အချိန် မှာတော့ သူနဲ့ ဟဲလျန်ချန်း တို့ရဲ့ ကိုယ်ကလည်း လေပေါ်မှာ ဝဲပျံတက် သွား လေတယ်။

ဆိုတော့ သူတို့ နှစ်ယောက် က ဘယ်နေရာ ကို ရောက်နေ ခဲ့တာလဲ......။

စုယွမ် က ဟဲလျန်ချန်း ကို ကြည့်လိုက်တယ်။

'' မြွေကြီး ငါတို့က ဘယ်နေရာကို ရောက်နေ တာလဲ? ''

ဟဲလျန်ချန်း က စုယွမ် ပေးတဲ့ အမည်​ပြောင် ကို ရွေးချယ်စရာ မရှိတော့ပဲ လက်ခံ လိုက် ရတော့လေတယ်။

'' ဒီနေရာက ကြယ် ကောင်းကင် နေရာလေ။ အဲ့ ဘောလုံး တွေနဲ့ တူတဲ့ ဟာတွေက ကမ္ဘာငယ်လေး တွေပေါ့။ အဲ့ ကြယ်ကောင်းကင် မုန်တိုင်း ထဲမှာ မျောလွင့် နေတာ တဲ့ အလောင်းတွေနဲ့ ဦးခေါင်းခွံ တွေက သေခြင်းတရား ရဲ့ စွမ်းအား တွေ ပဲလေ။ တကယ်လို့ သူတို့သာ အနည်းဆုံး နတ်ဘုရား ဖြစ်ခဲ့ ရင်တော့ ဒီ ကြယ်ကောင်းကင် နေရာမှာ သူတို့ က အလောင်းကောင် တွေ ဖြစ်လာစရာ အကြောင်းကို မရှိဘူး လေ။ ''

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now