"ခင်ဗျားပေါက်ကရတွေလည်းမေးတာပဲ"
"မဖြေချင်လည်းရပါတယ်။ ဘယ်သူမှအတင်းမမေးဘူး"
မျက်စောင်းတစ်ချက်ထိုး ကားမှန်ဘက်မျက်နှာလှည့်လိုက်လေ၏။
"ကျစ် ကမ်းပေါ်တက်လာတဲ့ဂဏန်းကိုကျောက်ခဲနဲ့ထုနေတာ"
"ဘာကြီး"
"အထဲမှာဘာရှိလဲသိချင်လို့လေ ဘာဖြစ်လဲ"
"မင်းငယ်ငယ်လေးတည်းကရက်စက်တာပဲ။ မင်းမသတ်တဲ့အကောင်ကမျှော့ပဲရှိတာလား"
"အဲ့မှင်စာတွေကိုလည်းသတ်ပါတယ်။ ပိုတောင်သတ်အုံးမှာ"
မျက်ခုံးများတွန့်ချိုး၍ မကျေမနပ်အော်ပြောလာလို့သူစိတ်ဆိုးရင်ဒီလိုပုံထင်တယ်။
"ဘယ်သူသိနိုင်မှာလဲခင်ဗျားရာ အဖေမြင်လိုက်ရတဲ့အပြုံးက သူ့အတွက်နောက်ဆုံးဖြစ်မယ်လို့"
စကားရဲ့အဓိပ္ပာယ်ကသိသာနေလို့ စိတ်မကောင်းစွာကြည့်မိတော့ ပြန်ကြည့်လာလို့ပြုံးပြလာသည်။
"နောက်နေ့ပြန်ရောက်ချင်းပဲ အဖေကအကြာကြီးပြန်ထွက်သွားတယ်"
"တစ်လနဲ့လည်းရောက်မလာဘူး။ နှစ်လ သုံးလနောက်တော့ရာသီတွေပါပြောင်းကုန်တယ်။ သူပြန်ရောက်မလာသေးဘူး"
"၂နှစ်လောက်ကြာတော့ လေးလေးမောင်တို့ဆီရောက်လာတယ်။ အဲ့အချိန်ကြမှ သူလုံးဝပြန်မလာတော့ဘူးဆိုတာသိလိုက်ရတယ်"
"ဘာလဲ ယောက္ခမကြီးအတွက်စိတ်မကောင်းလို့လား"
မျက်ဝန်းလေးတွေ နှာထိပ်လေးတွေရဲလို့ ထွက်လာတဲ့မျက်ရည်တွေကိုအကျမခံ သုတ်ပစ်လို့နေသည်။
အရင်ထဲကသဘာဝအတိုင်းနူးညံ့လှပတဲ့အစိတ်ပိုင်းတွေပိုင်ဆိုင်ထားသူက ကိုယ့်ဆီရောက်တည်းကပိုးလိုဥထားတော့အပြစ်ပြောရက်စရာမရှိတဲ့အရုပ်လေးအတိုင်းပဲ။
"တော်ပြီ တအားသုတ်မနေတော့အသားတွေပဲ့တော့မယ်။ ဒဏ်ရာရလို့ကတော့ခင်ဗျားဆိုရင်တောင်မောင်ဆူမှာနော်"
"ရတယ် ဘာမှမဖြစ်စေရဘူးစိတ်ချ။ ဒေဝဒတ်လိုလူဆီကတော့ဆူတာမခံချင်ပါဘူး"
Part-35
Start from the beginning