"အမိန့်ရှိပါBoss"
စောက်ပိုလုပ်တာ အသံကျယ်ကျယ်နဲ့အော်ပြောလာလို့ စိုက်ကြည့်ပေးလိုက်သည်။
"ဒီအတောအတွင်းသူဘာလုပ်နေလဲဆိုတာငါသိချင်တယ်။ သူနောက်လူလွှတ်ထားပြီး လှုပ်ရှားမှုအားလုံးငါ့ကိုအသေးစိတ်တင်ပြ"
"ဘယ်သူကိုပြောတာလဲမသိဘူးBoss"
"ခွေး မ သား"
ထသတ်တော့မည့်အလား အံကြိတ်လို့ဆဲကာ မတ်တပ်ရပ်လာသည်မို့ အသံသာချန်ပြီး လူအရင်ပြေးထွက်ခဲ့သည်။
"ဟုတ်ကဲ့ပါ ကိုဒီရေလှိုင်းအကြောင်းအကုန်တင်ပြပါ့မယ်"
အပေါ်ထပ်တက်လို့ အခန်းထဲတွင်းမာန်ရိပ်သွေးဝင်လာခဲ့သည်။ တစ်ချိန်ကလေလာထိရင်တောင်သတိထားမိသည့်သူမှာ အချိန်တစ်ခုနောက်ပိုင်းစိတ်နှင့်ကိုယ်နှင့်မကပ်။ အခုလည်း မိနစ်ပိုင်းလောက်ရပ်နေမိလို့ ဘာကြောင့်ရပ်နေမိမှန်းမသိ။
"ကျစ် ငါ-ိုး ဒီအခန်းကဘယ်တုန်းကစိတ်ပျက်ဖို့ကောင်းသွားတာလဲ"
"အောက်မှာဘယ်သူရှိလဲလာကြစမ်း"
"ဟုတ်ကဲ့Boss"
"ဒါအခန်းလားအကျဥ်းထောင်လား ဟမ်။ ဒီလောက်ကျယ်တာကုတင်တစ်လုံးပဲရှိတယ် မြင်လားမင်း"
"ဟူး ဟုတ်ကဲ့ ခန်းဝင်ပစ္စည်းတွေစီစဥ်လိုက်ပါ့မယ်"
"နေစမ်းပါအုံး မင်းမပြောခင်ဘာကိစ္စအရှေ့မှာ သက်ပြင်းချရတာလဲ"
"မင်းဘာဖြစ်ချင်တာလဲ"
"ဘာ ဘာမှမဖြစ်ချင်ပါဘူးBoss"
"ထွက်သွားအခု"
"ဟုတ်ကဲ့Boss"
လှေကားဆီမှ စိတ်ပျက်လက်ပျက်ဆင်းလာသူကိုအောက်တော့
"သူဘာတွေဖြစ်နေတာလဲ"
"မသိပါဘူးကွာ ရစ်ချက်ကမိန်းမကြီးကျနေတာပဲ"
" ဗိုက်ကြီးတာကအခြားတစ်ယောက်ပါ သူကဘာလို့အဲ့ပုံစံဖြစ်နေရတာလဲ"
"ခေါက်ထားလိုက် မွေးလိုက်လို့ပြီးသွားမှာမဟုတ်တာ ကြိတ်မှိတ်ပြီးသည်းခံကြတာပေါ့"
အချိန်တော်ကြာပိတ်လို့ထားတဲ့ လေသာဆောင်မှန်တံခါးမှာလိုက်ကာတို့ကိုဆွဲဖွင့်လိုက်သည်။ နေဝင်ခါနီးချိန် ပုဇွန်ဆီရောင်ကောင်းကင်က လှသလောက်လှောင်နေသလို ကြည့်ရင်းဘာကိုလွမ်းမိမှန်းမသိ။
![](https://img.wattpad.com/cover/344644769-288-k230727.jpg)
Part-26
Start from the beginning