"ခင်ဗျားကိုတော်တော့လို့ပြောနေတယ်"
"ကိုကို"
ဒီနေ့ဆေးရုံကဆင်းမှာမို့ ဗိုက်ပြည့်အောင်ပင်လယ်စာထမင်းကျော်လေးခွန့်ကျွေးရင်း အဝတ်အစားလဲလို့စောင့်နေခိုင်းထားသည်။ ပစ္စည်းတို့သိမ်းဆည်းပြီးချိန်စိတ်လောနေသူအားမတွေ့ရတော့တာကြောင့်လိုက်ရှာနေရခြင်း။
တစ်နေရာရောက်တော့ ခန္ဓာကိုယ်တောင့်တောင့်နဲ့ ကြည့်ကောင်းလွန်းတဲ့ယောကျာ်းတစ်ယောက်ရှေ့စကားပြောနေသည့် ကျောပြင်ငယ်မှာကိုကိုဆိုတာမမှားနိုင်။ လှမ်းကာခေါ်လို့အနားသွားလိုက်ပြီး
"ကိုကိုရာ စောင့်နေဖို့ပြောတာကို ဘာလို့ထွက်"
"ငိုနေတယ် ကိုကိုငိုနေတယ် ဘာလို့လဲ ကျွန်တော့်ကိုပြော"
"ဟင့်အင်း မာန်ရိပ်ငါတောင်းပန်ပါတယ်။ ငါ့ဘက်ကမှားတာဆိုလို့ မင်းဆီကထွက်လာခဲ့မိတာလေးပါ ကျန်တာမင်းထင်သလိုမဟုတ်ရပါဘူး"
"မာန်ရိပ် ဒါဆို သူကအဲ့ခွေးကောင်ပေါ့"
"အို ဘာတဲ့ ခွေးကောင်။ တစ်ယောက်ကခွေးဇာတ်သွင်းနေပြီး နောက်တစ်ယောက်ကနွားဇာတ်သွင်းနေတယ်။ လိုက်လည်းလိုက်တယ်နှစ်ယောက်သား"
"မင်းဘာစကားပြောတာလဲ"
"စစ်လေးတော်တော့ မလုပ်နဲ့"
"စစ်လေး? ဒါဆိုမင်းက အဲ့ပိုင်းလုံးရဲ့ငယ်ကျွမ်းဆွေကြီးပဲ"
"ဘာကွ မင်း"
"တော်တော့ဆိုစစ်လေး"
ကျယ်လောင်လာသောအသံတို့ကြောင့် မှော်ဝင်နှင့်အခြားသူများ ရောက်လာကြသည်။ ဝင်တားဖို့ရန်ပြင်လိုက်ပေမယ့် လှိုင်းလေးကိစ္စရှိသေးတာမို့ ခပ်လှမ်းလှမ်းကသာစောင့်ကြည့်နေကြ၏။
"မာန်ရိပ် ငါမင်းကိုတကယ်ပြောနေတာ။ မင်းတစ်ယောက်တည်းငါ့အတွက်ရှိခဲ့တာ ငါအကုန်ရှင်းပြနိုင်ပါတယ်"
"ငါတကယ် ဟင့် မင်းကိုလိုအပ်တာမို့လို့ ကျေးဇူးပြုပြီးယုံကြည်ပေးပါကွာ ရှင်းပြတာကိုနားထောင်ပေးပါ"
"ဟမ် စစ် စစ်လေး အဲ့ဒါဘာ ဘာလုပ်တာလဲ"
ရုတ်တရက်မာန်ရိပ်သွေးရှေ့ဒူးထောက်ထိုင်ချလိုက်သူကြောင့် ပြောလက်စစကားပင်ဆက်မပြောနိုင်ဘဲ ဆွံအလို့သွား၏။
![](https://img.wattpad.com/cover/344644769-288-k230727.jpg)
Part-25
Start from the beginning