ဗိုက်ဆာနေသောကလေးငယ်လို မျက်လုံးအဝိုင်းသားနဲ့မဝံ့မရဲတောင်းဆိုလာတယ်။ ထူးဆန်းစွာတောင်းဆိုလာလို့အံ့အားသင့်မိပေမယ့်မခက်ခဲတာမို့ သွားဝယ်ရန်အမြန်ထွက်လာခဲ့လိုက်သည်။
"သုတ"
"ဗျာ"
"ဘယ်လဲ"
"ဒီနားကစားသောက်ဆိုင်လေးတင်ပါကိုဇော်ကြီး"
"ဒီထက်ပိုပြီးမဟုတ်တာတွေမလုပ်နဲ့တော့"
"ဗျာ"
"ဟုတ်တယ်ငါ့ကောင်။ မင်းပြောနေတာတွေငါတို့ကြားတယ်"
"ဟုတ်ပ ဒီလိုအလှလေးကိုစားရတဲ့အခွင့်ရေးကရခဲတာကို မင်းတောင်းဆိုလို့ထိန်းပြီးလုပ်ရသေးတယ်။ အားကိုမရဘူး"
"အကူညီတောင်းတဲ့အတိုင်းလုပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ နောက်မှအကိုတို့ကို ဆိုင်မှာလိုက်တိုက်ပါ့မယ်"
"အဲဒါထက်မင်းသတိထားဖို့ပြောနေတာ။ မဆိုင်တာတွေလုပ်လိုက်ရင် မင်းလိုကောင်မျိုးကို လူလည်ခေါင်ပစ်သတ်လိုက်လည်း သူတို့တွက်ပြဿနာမရှိဘူးကွ"
"မဟုတ်မှ သုတ မင်းသူ့ကိုကြိုက်နေတာလား"
"အဲ့ အဲ့လိုမဟုတ်ပါဘူး"
မသင်္ကာစရာကောင်းအောင်ဖြေလို့သွားသူ။ အဖွဲ့ထဲမှာအငယ်ဆုံးနဲ့ လူချစ်လူခင်ပေါသူလေးမို့ တစ်ခုခု ဖြစ်သွားမှာကိုတော့မလိုလားပေ။
"အွန့် ဖြည်းဖြည်းစားနော်။ ပြီးရင်သောက်ဖို့ဆေးပါဝယ်လာတယ်"
"ဟင့်အင်း ဆေးမသောက်ဘူး"
"ဆေးသောက်တာမကြိုက်လို့လား။ ဒါဆိုလိမ်းဆေးလေးတော့လိမ်းလေနော်။ ဒဏ်ရာတွေပိုဆိုးလာလိမ့်မယ်"
"နောက်လည်းစားချင်တာရှိရင်ပြောသိလား။ ကျွန်တော်အကို့တွက်ဝယ်ပေးမယ်"
မျက်ရည်တို့မခမ်းနိုင်သေးဘဲသွင်သွင်စီးနေတဲ့အငိုသန်လေး ဘယ်လောက်တောင်အားငယ်တတ်လည်းမသိ။ ရိုက်နှက်နှိပ်စက်နေတာကိုအပြစ်လုံးဝမပြောလာဘဲ တောင်းပန်ပြီးရင်းသာတောင်းပန်လို့နေတယ်။
ဘယ်လိုကြည့်ကြည့် ရိုးသားပြီးမလိမ်တတ်မှန်းသိသာနေတာကို အခုလိုဖြစ်နေတော့သနားစိတ်ကြောင့်ပဲလားမသိ အကိုနဲ့ထပ်တူနာကျင်နေမိတယ်။
Part-22
Beginne am Anfang