"ဖြည်းဖြည်းလုပ်နော်လှိုင်း ကိုယ်နာတယ်"
"အဲ့တာကြောင့် ဆေးခန်းသွားပါဆိုတာကို"
"အခုလိုလေးဂရုစိုက်ပေးနေတော့ ပိုပြီးခံစားရတယ်သိလား"
"ကျွန်တော်ကအကုန်လုံးကို ဂရုစိုက်ပေးနိုင်ပါတယ် အဖွားရော အငယ်လေးကိုရောတခြားသူတွေရော"
"ဖေဖေနဲ့မေမေကိုလည်း ဂရုစိုက်ပေးချင်ခဲ့တာ။ ခင်ဗျားကမှမိဘတွေရှိသေးတယ် ကျွန်တော်ကသူတို့အတွက်လုပ်ပေးချင်တောင် လုပ်ပေးခွင့်မရှိဘူးလေ"
"လှိုင်းကလည်း ကိုယ်အသည်းငယ်တာသိလို့ အဲ့လိုအကြောင်းတွေလာပြောနေတာလား"
"အကို့အသည်းက ဘာလို့ငယ်တာလဲ။ ယောကျာ်းရင့်မာကြီးကို"
"မဟုတ်မှ အတိတ်ကနာကျင်စရာတွေကြောင့်လား"
"မဟုတ်ပါဘူး အရက်သောက်တာကြာလို့ ပျက်စီးနေတာ။ ရှိတယ်ဆိုရုံသေးသေးလေးပဲကျန်တော့တယ်"
"တကယ်ပါဗျာ"
မင်းပြုံးလာတာလေးက အေးချမ်းနေရောပဲ။ ကိုယ့်လိုအမြဲတမ်း ပူလောင်နေတဲ့သူနဲ့ မထိုက်တန်လို့ထင်ပါရဲ့။ ကံကြမ္မာက ဝေးဖို့ချည်းပြောနေတယ်။
"လှိုင်း"
"ဗျာ"
"ကိုယ်တို့ဘဝက နေနဲ့လလိုပဲနော်"
"ဘာကိုလဲအကိုရဲ့"
"ပြောချင်တာက သူတို့တွေကလေ ဆုံတွေ့ခွင့်လည်းမရှိကြသလို ဘယ်တော့မှလည်းပေါင်းစပ်ခွင့်ရကြမှာမဟုတ်ဘူး"
"အဲ့တာတော့မှန်တယ်"
"အကို ကျွန်တော့်အမြင် အကိုကလူကောင်းတစ်ယောက်ပါ။ အရာအားလုံးထက် အကို့ကိုချစ်ပေးနိုင်တဲ့သူပေါ်လာမှာသေချာတယ်သိလား"
"အဲ့တာတွေထားလိုက်။ အကိုစိတ်မဝင်စားဘူး။ အဲ့အစားလှိုင်းက အန္တရာယ်ကင်းပြီးကျန်းမာအောင်နေရမယ်နော်။ ဘယ်တော့မှ ကိုယ့်ကိုကို အထိခိုက်မခံနဲ့။ စိတ်ဆင်းရဲလည်းမခံနဲ့"
"အဲ့လိုသာဆို အကိုနာကျင်နေရရင်တောင်ကျေနပ်တယ်သိလား"
"ပြီးသွားပြီ နောက်ကျရင်တော့ ဆေးခန်းလေးသွားလိုက်နော်။ ပြီးတော့အကိုလည်း ကိုယ့်ကိုကိုဂရုစိုက်ပြီးနေအုံး"
Part-17
Start from the beginning