တစ်ယောက်ထဲအတွေးနဲ့ပြောလာသူရဲ့စကားက သိသလိုမသိသလို ကိုယ့်ကိုပြောတာလား ဘယ်သူတွေကိုပြောနေမှန်းမသိ ရှုပ်နေရောပဲ။
"လာလို့ပြောနေတာကို ဘာလုပ်နေတာလဲ။ ဘာလဲ လာချီခေါ်တာစောင့်နေတာလား"
"ဟင့်အင်း အခုလာပြီ"
"သွားပြီနော်မီးမီးချစ် ကလေးတွေကိုလည်းနှုတ်ဆက်တယ်လို့"
"အင်းပါ ဘိုင်ဘိုင်"
အနားပင်မရောက်သေးစိတ်မရှည်သူက ခြေလှမ်းကျဲတွေနဲ့လှမ်းလာကာ တင်းတင်းကျပ်ကျပ်ကောက်ပွေ့လာလို့ ခဏလေးနဲ့ကားပေါ် ဘယ်လိုတောင်ရောက်သွားတယ်မသိလိုက်။
"အိမ်အမြန်မောင်း"
"မာန်ရိပ် ငါ"
"ပါးစပ်ပိတ်ထား ပြောစကားနားမထောင်တဲ့ ခင်ဗျားကို အပြစ်ပေးရမယ်"
သူ့ကိုမြင်တော့ မနက်ကဟိုမိန်းမနဲ့အကြောင်း အတွေးထဲဝင်လာ၍ စိတ်ထဲနေလို့မကောင်းတော့ဘဲ လမ်းတစ်လျှေက်တိတ်နေမိသည်။ သူဘက်ကလည်း အရေးမစိုက်လာတော့ ငြိမ်သက်တိတ်ဆိတ်လို့ အေးစက်စက်အငွေ့သက်တွေသာ ကားထဲရနေတယ်။
ကားသုံးစီး ခြံထဲဝင်လာ၍ စင်ဝင်အောက်တွင် တန်းစီရပ်သွားသည်။ အရှေ့ဆုံးတစ်စီးမှ မာန်ရိပ်သွေးဦးစွာဆင်းလာပြီး အခန်းထဲကို တန်းဝင်သွားသည်။
ဒီရေလှိုင်းမှာ အိမ်ထဲသို့ဝင်ရင်း အနောက်မှပါလာသူတွေဆီသို့ တစ်ချက်လှည့်ကြည့်ပြီး
"တောင်းပန်ပါတယ် ကျွန်တော့်ကြောင့်မို့ ခင်ဗျားတို့အဆင်ပြေအောင်ပြောပေးပါ့မယ်။ စိတ်မပူပါနဲ့"
"မလိုပါဘူး Bossမယားရယ် ကိုယ့်အပြစ်သာလွတ်အောင်ရှောင်ပါ။သူများတွက် ပူမနေနဲ့"
"ဟုတ်တယ် အပြစ်ပေးခံရလည်း မတော်ခြေပျက်လက်ပျက်ပေါ့။ ခေါင်းတော့မဖြတ်လောက်သေးပါဘူး"
"နမိတ်မရှိတာတွေဗျာ။ ဘာမဖြစ်စေရပါဘူး။ ခင်ဗျားတို့နဲ့မဆိုင်တဲ့ဟာကို"
"အဲဒါအသာထား Bossမယား အမြန်လိုက်သွား အပြစ်ပိုကြီးနေအုံးမယ်"
"ကတုံး မင်းလက်ထဲကဘာလဲ"
"ဪဖားကင်တွေလေ ဂေဟာကပေးလိုက်တာယူလာတာ"
Part-15
Comenzar desde el principio