လေးယောက်သားအကြပ်ရိုက်လို့ အမွှေးမရှိတဲ့ခေါင်းကလည်းယားနေပြီ။ ချွေးဒီးဒီးကျလို့ ပစ်ခတ်တိုက်ခိုက်ပြီး လူသတ်နှိပ်စက်တာတောင် အခုလောက်မပင်ပန်းဘူး။
"ဒီလိုလုပ်ပါလား မကြာဘူးဆိုရင်လေ ကျွန်တော်တို့ လိုက်ပို့ပါရစေ"
"ဟမ် ရွှတ် တစ်ယောက်တည်းလည်းရပါတယ် အမြန်ပြန်လာမှာပါ"
"မဖြစ်နိုင်ဘူးBossမယားရဲ့။ ဒီကနေ ကားငှားဖို့လမ်းလျှောက်မယ်ဆိုရင်တောင် တစ်ရက်လောက်ကြာလိမ့်တယ်"
"ဟုတ်တယ် ပြီးတော့Bossသိသွားခဲ့လို့ တစ်ယောက်တည်းလွှတ်လိုက်တယ်ဆိုရင် ဟာဗျာမတွေးရဲဘူး"
"ဒါဆိုအများကြီးမလိုက်နဲ့ လက်နက်တွေမယူခဲ့နဲ့ အိင်္ကျီကိုလည်း အဲ့လိုဆင်တူကြီးတွေမဝတ်လာနဲ့"
သဘောတူညီချက်တွေပြီးဆုံးလို့ သက်တော်စောင့်အနေနဲ့ သုံးယောက်လိုက်ခဲ့သည်။ လူတော်တော်များနဲ့တစ်ညတာဆက်ဆံရေးသာရှိခဲ့ပေမယ့် အခုလူသားလေးအား အခွင့်ပေးဆက်ဆံနေပုံက တန်ဖိုးထားမှန်းသိသာတာမို့ ဂရုစိုက်ရမည်။ အလုပ်တွေဖယ်ပြီး တစ်ပတ်တိတိနားရတဲ့အကြောင်းက ပေါ့သေးသေးတော့မဟုတ်ဘူးမလား။
"တအားမမောင်းနဲ့လေ လမ်းကရှုပ်နေတာကို"
"အလုပ်သဘောအရ အမြန်မောင်းနေကျမို့ အကျင့်ပါနေလို့ပါ"
"အဲ့လိုဆိုပေမဲ့ အရှိန်လေးကိုတော့လျှော့လျှော့ အား ငကြွားကြီးရှေ့မှာ ရှေ့မှာ"
"ကျွီ....ဝူး....ဝုန်းဒုန်း"
"Boss မယား Bossမယား"
နားထဲကြားရသောခေါ်သံကြောင့် အသက်ရူသံတွေမြန်ဆန်လို့ အတင်းကျပ်မှိတ်ထားသောမျက်လုံးတို့မှာ အသာယာဖွင့်လိုက်သည်။
"ဘာ ဘာမှမဖြစ်သွားဘူးလား"
"ဒါပေါ့ ဒီအခြေနေလောက်က အသာလေးရှောင်နိုင်တယ်"
လမ်းကြားမှထွက်လာကာ ထိပ်တိုက်တွေ့သော ကားနှစ်စီးကအလွန်နီးနေပြီ။ မောင်းနေတဲ့သူရဲ့ကျွမ်းကျင်မှုကြောင့် အထိခိုက်မရှိဘဲ တစ်ဖက်ကလမ်းသို့အလွယ်တကူရှောင်ထွက်လိုက်နိုင်ခြင်းပင်။
Part-14
Comincia dall'inizio