အပိုင်း[11]

151 29 0
                                    

လင်းယန် လက်ပိုက်လိုက်ပြီး သူ့နောက်ကျောက နံရံကို ဖြေးညင်းစွာ မှီလိုက်သည်။ "နတ်ဘုရားကျင်း လိုချင်တဲ့ လက်ဆောင်တစ်ခုခုများ ရှိလား?"

ကျင်းယွမ်ကျိုး ပြုံးလိုက်ပြီး စကားတစ်ခွန်းကို ပြောလိုက်သည်။ "ခန့်မှန်းကြည့်လေ"

ပြောစရာမလိုအောင်ပင် ဒီအ‌နေအထားက အတော်လေးကို ရင်းနှီးနေပေသည်။

လင်းယန် ကျင်းယွမ်ကျိုးနှင့်အကြည့်ချင်းဆုံလိုက်ပြီး လျင်မြန်စွာပင် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"အရင်တစ်ခေါက်က ကျွန်တော် ခင်ဗျားကို ကျွန်တော့်ကိုယ်ကျွန်တော် ပေးမယ်လို့ ပြောခဲ့တုန်းက ခင်ဗျားက မလိုချင်ဘူးလေ နောက်ထပ် စိတ်ရင်းအမှန်နဲ့ပေးစရာဆိုလို့ ဒါထပ်ပိုပြီး ကျွန်တော် တကယ်ပဲ မစဥ်းစားတတ်တော့ဘူး"

ကျင်းယွမ်ကျိုး အကြံပေးလိုက်သည်။ "ထပ်ပြီးပို့လိုက်လေ ငါလိုချင်သေးရင် ဘယ်နှယ့်လုပ်မလဲ?"

သူတို့ရဲ့ မျက်လုံးတွေက အကြည့်ချင်းဆုံသွားပြီး လင်းယန် ရယ်လိုက်သည်။
"မေ့လိုက်တော့ နှစ်ကြိမ်သာ ထပ်ပြီး အငြင်းခံရမယ်ဆို ကျွန်တော့်ရဲ့ ဖန်လိုနှလုံးသားလေးကွဲကြေသွားလိမ့်မယ်၊ ဒီလိုဆို ကျွန်တော်ဝမ်းနည်းရလိမ့်မယ်၊ ပြီးတော့.... အခုက အရမ်းနောက်ကျသွားပြီ"

လင်းယန် ကျင်းယွမ်ကျိုး တုံ့ပြန်လာမှာကို မစောင့်တော့ဘဲ ဆက်ပြီးပြောလိုက်သည်။
"ဒီလိုဆိုရင်ကော ကျွန်တော်ခင်ဗျားကို ညစာဧည့်ခံမယ်လေ ဒါကို ခင်ဗျားအတွက် အကြိုလက်ဆောင်လို့ သဘောထားလိုက်ပေါ့ "

ကျင်းယွမ်ကျိုး သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အသံတိုးတိုးလေးဖြင့် မေးလိုက်သည်။ "ဒါလည်း အဆင်ပြေပါတယ်....ဒါပေမဲ့ Gloyကကော?"

"Base မှာ အကူ အန်တီတစ်ယောက်ရှိတယ် အချိန်ရောက်ရင်
ချက်ပြုတ်ဖို့ သူမ ရောက်လာလိမ့်မယ်။ ဒီနေ့ reply video ကို ကျေညက်ဖို့ သူ အချိန်အတော်ကြာ ယူရလိမ့်မယ်။ အဲ့ဒီတော့ သူ့ကို အပြင်မှာစားဖို့ ခေါ်သွားရင် အလဟသ အချိန်ဖြုန်းသလို ဖြစ်နေလိမ့်မယ်"

လင်းယန် အချိန်ကို ကြည့်လိုက်သည်။ "ကျွန်တော် ခင်ဗျားကို ၅:၃၀ကျရင် တံခါးဝမှာ စောင့်နေမယ်"

𝖳𝗁𝖾 𝖤𝗌𝗉𝗈𝗋𝗍𝗌 𝖢𝗂𝗋𝖼𝗅𝖾'𝗌 𝖳𝗈𝗑𝗂𝖼 𝖠𝗌𝗌𝖾𝗆𝖻𝗅𝗒 𝖢𝖺𝗆𝗉 Where stories live. Discover now