အပိုင်း[5]

138 18 0
                                    

  လေ့ကျင့်ရေးပွဲတွေ ကစားနေတဲ့ ဒီနှစ်ရက်အတွင်း ကျင်းယွမ်ကျိုး လုံးဝဝင် မကစားခဲ့။သူက‌ လေ့ကျင့်ရေးခန်း တစ်ဖက်ရှိ ဆိုဖာပေါ်ထိုင်နေပြီး သူ့မျက်လုံးများက စခရင်ကျယ်ပေါ်ရှိ ပြိုင်ပွဲ ပေါ် မှာသာရှိနေသည်။ ယခုအချိန် သူ့စိတ်ထဲရှိနေတာက ဟိုတယ်မှာ လင်းယန်ပြောခဲ့သော စကားများပင်။

လွန်ခဲ့တဲ့နှစ်တွေက BKက လိဂ်ထဲမှာ ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြော၍ရပေသည်။ အသင်းသားသစ်များ ထပ်ပေါင်း လိုက်ခြင်းက တိုက်ပွဲပုံစံသစ်ကို ‌ချောချောမွေ့မွေ့ ဖန်တီး၍ ရစေသည်။ ဗိုလ်လုပွဲ နောက်ဆုံးပွဲစဉ်မှာ ဖြစ်ခဲ့သည့် အုပ်စုဖွဲ့တိုက်ပွဲ မှားယွင်းမှုကြောင့်သာ မဟုတ်လျှင် BKက နောက်ထပ်ချန်ပီယံဖလားတစ်ခုကို ရနိုင်လိမ့်မည်ဟူ၍ပင်  မီဒီယာများကတောင် ပြောကြပေသည်။

ထိုဖြစ်ရပ်ကြောင့် လူပေါင်းများစွာ ဝမ်းနည်းခဲ့ကြပေမဲ့ ထိုအပြင်ပန်း မတော်တဆ မှားယွင်းမှုက BKရဲ့ အတွင်းပိုင်းမှာ ပုန်းကွယ်နေတဲ့ အန္တရာယ်ကြီးတစ်ခုမှန်း လူအနည်းငယ်ကသာ သိကြပေသည်။

လူသစ်ကစားသမားတွေရဲ့ လျင်မြန်တဲ့ တိုးတက်မှုကို BKနည်းပြအသင်းက အမှီမလိုက်နိုင်ပေ။ တကယ်တော့ hero pick,ban ရွေးချယ်တဲ့နေရာမှာ ကတည်းကတင် အမှားအကြီးအကြီးတစ်ခုဖြစ်ခဲ့ပြီး ဖြစ်သည်။

ပထမဆုံးက ပြိုင်ဘက်ရဲ့ နည်းဗျူဟာကို ထိုးဖောက်မည့် အဓိကကစားသမားကို ကာကွယ်ရန် ကျရှုံးခြင်းဖြစ်ပြီး ဒုတိယက တစ်ဖက်က ရွေးချယ်လိုက်သည့် အဓိကကစားသမား hero ကြောင့် ဖြစ်သည်။ ထိုကစားပွဲက ဂိမ်းမစတင်ခင်ကပင် ပြင်းထန်တဲ့ ကစားပွဲတစ်ခုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။

လူတိုင်းက စင်ပေါ်မှာ တောက်ပနေတဲ့ ကစားသမားများကိုသာ ကြည့်လေ့ရှိကြပြီး နည်းပြအသင်း၏ အရေးပါမှုကို ကျော်သွားလေ့ရှိကြသည်။ စင်ရှေ့မှာရှိနေတဲ့ အလင်းရောင်နဲ့ စင်နောက်မှာရှိနေတဲ့ အရိပ်တို့ လုံးဝပြိုကွဲသွားတာက အသင်းတစ်ခုကို ချောက်ကမ်းပါးစွန်းထိ တွန်းပို့ပြီး ပစ်ချဖျက်စီးလိုက်တာနှင့်ပင် တူပေသည်။

𝖳𝗁𝖾 𝖤𝗌𝗉𝗈𝗋𝗍𝗌 𝖢𝗂𝗋𝖼𝗅𝖾'𝗌 𝖳𝗈𝗑𝗂𝖼 𝖠𝗌𝗌𝖾𝗆𝖻𝗅𝗒 𝖢𝖺𝗆𝗉 Where stories live. Discover now