အပိုင်း[7]

134 24 0
                                    

GH ကလပ် base သို့ ကျင်းယွမ်ကျိုးရောက်ရှိချိန်၌ လင်းယန်ကတံခါးဝမှာ ရပ်စောင့်နေပြီ ဖြစ်သည်။

သူက တံခါးအနီးရှိ သစ်ပင်ကိုမှီထားပြီး ပုံမှန်ဝတ်နေကျ ပေါ့ပေါ့ပါးပါးစတိုင်ကို ဝတ်ဆင်ထားသည်။ သူ့လက်ထဲမှာ တစ်ဝက်သာက်ထားသည့် ဓာတ်ဆားရည်ပုလင်းကို ကိုင်ထားပြီး ကျင်းယွမ်ကျိုးလျှောက်လာတာကို မြင်တဲ့အခါ လက်ဝှေ့ယမ်းပြလိုက်သည်။

"နတ်ဘုရားကျင်း ရောက်လာပြီပဲ ကျွန်တော် မင်းကို တစ်ပတ်လိုက်ပြမယ်"

သူက သည်ပုဂ္ဂိုလ်ကို သူ့အိမ်အသစ်ကို လိုက်ကြည့်ရန်နှင့် အမြန်ဆုံးလက်ခံလိုက်ရန် စိတ်ပါဝင်စားစွာ ပြောနေသည်နှင့်ပင် တူပေသည်။

မူလ BOD ကလပ်က လိဂ်ထဲမှာ ကြီးမားတဲ့ အသင်းမဟုတ်ပေမဲ့ နောက်ခံကတော့ တော်တော်‌ကောင်းသည်။

၎င်းက ဆောက်ကတည်းက ပြီးပြည့်စုံပြီး baseဧရိယာပတ်ဝန်းကျင်တစ်ခုလုံးကို မြင်နိုင်သည့် နေရာလည်း ရှိပေသည်။

လင်းယန်၏ ကြီးကြပ်မှုအောက်တွင် နောက်ထပ် ပြင်ဆင်မွမ်းမံမှုများပါ ပေါင်းထည့်လိုက်လျှင် တံခါးဝကနေ ခြေတစ်လှမ်းဝင်လိုက်တာနဲ့တစ်ပြိုင်နက် မြင့်မားလှသော နည်းပညာအငွေ့အသက်များကို ခံစားနိုင်ပေသည်။

၎င်းက သီးခြားဖြစ်နေသော esports နိုင်ငံတစ်ခုကို ခြေလှမ်းလှမ်းလိုက်သည်နှင့်ပင် တူပေသည်။

ထိုကဲ့သို့သော အပြောင်မြောက်ဆုံးလက်ရာကို လင်းယန်သဘောတွေ့တာလည်း အံ့ဩစရာမလိုပေ။ဒီလို base မျိုးက တကယ့်ကို နှစ်လိုဖွယ်ကောင်းပေသည်။

လေ့ကျင့်ရေးခန်းမနှင့် အစည်းအဝေးခန်းမထိ တစ်ခုချင်းဆီ ကြည့်ရှုပြီးနောက် ကော်ရစ်တာကိုဖြတ်၍ ဧရိယာAမှ ထွက်ခဲ့ကြသည်။ ထို့နောက် လမ်းမကျယ်မှတစ်ဆင့် ကစားသမားများအတွက် သီးသန့်ဆောက်လုပ်ထားသော အိပ်ဆောင်ရှိရာသို့ လျှောက်ခဲ့ကြသည်။

ကျင်းယွမ်ကျိုး လှေကားပေါ်တက်နေရင်း အခန်းတစ်ခုကို ဖြတ်သွားတဲ့အခါ အထဲကိုကြည့်ရန် ရုတ်တရက် ရပ်လိုက်သည်။
"မင်း ဒီရက်ပိုင်း ဒီမှာပဲ နေနေတာလား?"

𝖳𝗁𝖾 𝖤𝗌𝗉𝗈𝗋𝗍𝗌 𝖢𝗂𝗋𝖼𝗅𝖾'𝗌 𝖳𝗈𝗑𝗂𝖼 𝖠𝗌𝗌𝖾𝗆𝖻𝗅𝗒 𝖢𝖺𝗆𝗉 Where stories live. Discover now