အပိုင်း[10]

155 33 1
                                    

လင်းယန် ခန့်မှန်းတာ မှန်၏။ Gloyက GH base ကို သူတို့ထက် ခြေတစ်လှမ်းလေး စောပြီးသာ ရောက်လာပေသည်။

လော့မိုက WeChat ကနေ message ပို့ခဲ့ပေမဲ့ သူက ကားမောင်းနေတာကြောင့် သတိမထားမိလိုက်ပေ။

လင်းယန်နဲ့ ကျင်းယွမ်ကျိုး ဟောခန်းမ တံခါးကို ဖွင့်လိုက်တာနဲ့ ချုပ်တည်းထားတဲ့ အမူအရာနဲ့ ဆိုဖာပေါ် တောင့်တောင့်ကြီး ထိုင်နေတဲ့ ဆယ်ကျော်သက်တစ်ယောက်ကို မြင်လိုက်ရသည်။

သူက ဖြူဖွေးပြီး လှပသော ပုံပန်းသွင်ပြင်ရှိသည်။ သူ့နားတွင် သံမှိုပုံ နားကပ်များကို ဝတ်ဆင်ထားပြီး သူ၏တွန့်လိမ်နေသော ဆံပင်ကို ဘွားဘွားကြီး‌ရောင် မီးခိုးရောင်ဖြင့် ဆေးဆိုးထားသည်။ သူ၏ အမူအကျင့်နှင့် မလိုက်ဖက်စွာပင် သူ့ပုံစံက ပုန်ကန်တတ်တဲ့ ဆယ်ကျော်သက်လေးပုံပေါက်နေသည်။

Gloy၏ အကြည့်က လင်းယန်ဆီမှာ အချိန်အတော်ကြာ ရစ်ဝဲနေပြီးနောက် ကျင်းယွမ်ကျိုးဆီ ကျရောက်သွားကာ သူ့ဆီကနေ ဘယ်ကိုမှထပ်ပြီး မကြည့်မရောက်တော့။ အထစ်ထစ်အငေါ့ငေါ့ ဖြင့်နှုတ်ဆက်ဖို့ပင် အချိန်အတော်ကြာ ယူလိုက်ရသည်။
"ဥက္ကဌလင်း၊ နတ်ဘုရားကျင်း"

သူ လင်းယန်ကို မမြင်ဖူးပေမဲ့ လော့မိုက သူဌေးက Titans ကို သွားကြိုသည်ဟု ပြောပြထားသည်။ ထို့ကြောင့် ခန့်မှန်းရတာ မခက်ပေ။

လော့မိုက လိဂ်၏ ထိပ်တီးပိုင်းအကြီးအကဲများနှင့် ထပ်ပြီးတွေ့ဆုံရန် ထွက်သွားတယ်ဆိုတာ လင်းယန်သိသည်။ ထို့ကြောင့် သူက Gloy ကို နှုတ်ဆက်လိုက်ပြီး ခရီးဦးကြိုဆိုသည့် အလုပ်ကို လက်ခံရယူလိုက်သည်။ သူက လူနှစ်ယောက်ကို သူတို့၏အခန်းများကို ရွေးချယ်ရန် အိပ်ဆောင်ဆီသို့ လမ်းပြခေါ်ဆောင်သွားသည်။

Gloy က ကျင်းယွမ်ကျိုးထက်ပိုပြီး သယ်စရာအိတ် ပိုများသည်။ သူ့အိတ်များက အကြီး အသေး အစုံ အတန်းလိုက် စီတန်းနေသည်။ ကျင်းယွမ်ကျိုးက သူ့ခရီးဆောင်အိတ်ကို ပေါ့ပေါ့ပါးပါးပင် မလိုက်ပြီး အပေါ်ထပ်ကို တက်ဖို့ ပြင်လိုက်သည်။ ထို့နောက် သူက နောက်ပြန်လှည့်ပြီး Gloy ကို မေးလိုက်သည်။
"ငါ မင်းကို သယ်ကူရဦးမလား?"

𝖳𝗁𝖾 𝖤𝗌𝗉𝗈𝗋𝗍𝗌 𝖢𝗂𝗋𝖼𝗅𝖾'𝗌 𝖳𝗈𝗑𝗂𝖼 𝖠𝗌𝗌𝖾𝗆𝖻𝗅𝗒 𝖢𝖺𝗆𝗉 Место, где живут истории. Откройте их для себя