အပိုင်း[2]

236 29 0
                                    

   လက်ထောက် လော့မိုတစ်ယောက် လင်းယန်ဆီက ဖုန်းရလျှင်ရချင်း အမြန်ရောက်လာသည်။ သူဟိုတယ်ကို ရောက်ရောက်ချင်း ပျင်းတိပျင်းရွဲ့ပုံနဲ့ ဆိုဖာပေါ်ထိုင်နေတဲ့ လင်းယန်ကိုတွေ့လိုက်ရသည်။ သူက သူ့နဖူးကို လက်ချောင်းသွယ်သွယ်များဖြင့်ပွတ်နေပြီး ပင်ပန်းနေပုံရသည်။

လော့မို ဖန်ခွက်ထဲကို ရေအေးထည့်လိုက်ပြီး လင်းယန်ဆီကမ်းပေးလိုက်ကာ သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။"ဒါတွေအားလုံး ကျွန်တော့်အမှားတွေပဲ ဒီလိုဖြစ်မယ်မှန်းသိရင် ကျွန်တော်ထွက်သွားမှာ မဟုတ်ဘူး"

မနေ့က မြို့အရှေ့ဘက်ပိုင်းက သခင်လေးတွေ ဘားလမ်းမှာစုပြီး ဘာစိတ်ကူးပေါက်မှန်းမသိ လင်းယန်ကို လာဖို့ခေါ်ကြသည်။

လင်းယန် ဒီလိုစုဝေးပွဲတွေသွားလေ့ရှိပေမဲ့ သူ့အရက်သောက်နိုင်စွမ်းက နည်းတာကြောင့် တော်ရုံဆို ရှောင်လေ့ရှိသည်။ အရင်က ရုတ်တရက်အရေးကြီးကိစ္စပေါ်လာတာကြောင့် အလျင်အမြန်ထွက်သွားခဲ့တဲ့ အကြောင်းကြောင့်သာ မဟုတ်ရင် သူသောက်ဖြစ်မှာမဟုတ်‌ပေ ။

ဘယ်သူထင်မှာလဲ ဒီသခင်လေးတွေက အဲ့အကြောင်းကို ပြန်တူးဆွပြီး သူ့ကိုအရက်အတင်းတိုက်လိမ့်မယ်လို့လေ

လော့မိုရင်ထဲမှာ အတင်းပြောချင်တဲ့ အပူမီးတွေကတောက်လောင်နေပေမဲ့ သူမနေ့ညကဘာတွေ ဖြစ်ခဲ့လဲဆိုတာတော့ မမေးခဲ့ဘူး။ မဟုတ်ဘူး သူ မမေးရဲတာဆို ပိုမှန်လိမ့်မယ်။

လင်းယန် သူ့လက်ထောက်ရဲ့ အလွန်အကျူး ရှုပ်ထွေးနေတဲ့အကြည့်တွေကို ကြည့်ရုံနဲ့တင် သူ့ခေါင်းထဲမှာ ဘာတွေတွေးနေလဲဆိုတာ ခန့်မှန်းလို့ရသည်။

ထို့နောက် မနေ့ညကဘာတွေဖြစ်ခဲ့လဲဆိုတာ စဉ်းစားလိုက်မိပြီး သူ့နဖူးသွေးကြောတွေ ပေါက်ထွက်တော့မလိုပင် ခံစားလိုက်ရသည်။သူ့အရက်သောက်နိုင်စွမ်းက ဒီလောက်ဆိုးလိမ့်မယ်လို့ လင်းယန် မထင်ထားပေ ။ ချန်လဲ့ရှင်းကို မျက်နှာသာပေးဖို့အတွက် ဝိုင်လေးဖန်ခွက်တစ်ဝက်လောက် သောက်မိတာကို ဒီလောက်အထိဖြစ်သွားလိမ့်မယ်လို့ သူမမျှော်လင့်ထားဘူး။

𝖳𝗁𝖾 𝖤𝗌𝗉𝗈𝗋𝗍𝗌 𝖢𝗂𝗋𝖼𝗅𝖾'𝗌 𝖳𝗈𝗑𝗂𝖼 𝖠𝗌𝗌𝖾𝗆𝖻𝗅𝗒 𝖢𝖺𝗆𝗉 Tahanan ng mga kuwento. Tumuklas ngayon