အရပ်ရှည်ပြီး ဗလတောင့်ပုံ။ အသားဖြူဖြူမှာ သွေးကြောစိမ်းစိမ်းတွေနဲ့ နှုတ်ခမ်းမွှေး မှုတ်ဆိတ်မွှေး ပသိုင်းမွှေးရေးရေးတွေက သူနဲ့ အတော်လိုက်ဖက်သည်။ ကိုယ့်အားကြည့်လာသော မျက်လုံးတို့က စွဲငင်မှုအပြည့်။ မာန်လေးအကြည့်တွေက သူ့အဖေဘက်နှင့်သွားတူတယ်ထင်။

"မ မင်္ဂလာပါ ခင်ဗျ။ သွား သွားခွင့်ပြုပါအုံး"

ဘာပြောရမှန်းမသိတော့လို့ အပေါ်ကိုပြေးတက်သွားသော်လည်း အခုထိမရောက်သေး။ ခြေထောက်တွေလည်း အားမရှိတော့သလိုခံစားရတယ်။ ဘယ်လောက်ဥပဒိရုပ်ချောချော အရှိန်အဝါတွေက မကောင်းဆိုးဝါးတစ်ကောင်လို ခံစားနေရတယ်။

"ခင်ဗျား လှေကားတက်နေတာလား ဧဝရတ်တောင်တက်နေတာလား"

အခန်းဝကနေ တံခါးမှီလို့ပြောလာသော မျောက်စုတ်။ သူ့မြင်တော့ အမြန်ပြေးသွားလိုက်ပြီး အမြင်ကပ်ပုဒ်မနဲ့ လက်သီးစုပ်ကာအားကုန်ထုရိုက်နေရင်း

"ခွေးကောင် မကောင်းတဲ့အကောင်။ မင်းဆင်းလာလဲရရဲ့သားနဲ့ကို ကြောက်ဖို့ကောင်းတဲ့လူတွေကြား ငါ့မှာဖြတ်လာရတယ်"

ဘုရားရေ သွားပြီ။ ငါဘာလုပ်လိုက်တာလဲ။ ကြောက်လို့ ရူးပြီးစိတ်လွတ်သွားတာလား ငါ့ပြန်ထိုးလို့ကတော့တစ်ချက်နဲ့ပွဲသိမ်းတော့မှာပဲ။ မဟုတ်မှအောက်ကလူတွေခေါ်ပြီးသတ်ခိုင်းရင်ဒုက္ခ။

"ကျုပ်ကရော"

"ဟမ်"

"ကျုပ်ကရော ခင်ဗျားတွက်ကြောက်ဖို့ကောင်းလား"

"အဲ့ အဲ့ဒါကလား နည်းနည်း။ အင်း နည်းနည်းတော့"

"ဒါဆို ကြောက်တယ်ပေါ့"

"ဟိုလူတွေလောက်တော့ မဟုတ်ပေမဲ့ မင်းကလည်း နည်းနည်းတော့ မထင်ရင်မထင်သလိုလုပ်တတ်တယ်လေ အဲဒီတော့"

ဒီလဒလေးက ကိုယ့်အကြောင်းကိုမသိဘူးလား။ အန်တီနွေကအစ သူ့ကြောက်နေရတာကို။ ဖြေစရာမလိုတာတွေလာမေးနေတယ်။

"လာခဲ့"

အားနဲ့ဆွဲသွင်းခံရပြီး အခန်းတံခါးပိတ်လိုက်သည်။ အန်တီနွေတို့ ဆက်ပြောနေတာတွေကိုလည်း မကြားရတော့။

အတားအဆီးများနဲ့မောင့်ပင်လယ်(Complete)(Zaw+Uni)Where stories live. Discover now