"သားသာဝတ်ရင် အန်တီကတောင်ကျေးဇူးတင်မှာမို့ အားမနာနဲ့ဝတ်နော်"
"ဟုတ်ကဲ့ကျေးဇူးပါအန်တီ"
* * * * * * * * * * * * * * * * *ညဥ့်နက်ချိန် အကုန်အိပ်နေကြပြီမို့ပတ်ဝန်းကျင်က တိတ်ဆိတ်လျက်။ အခန်းတံခါးဆီ အရိပ်တစ်ခုလှမ်းလာနေပြီး တံခါးလက်ကိုင်လှည့်လို့ ဖွင့်ကြည့်တော့ အလွယ်တကူပွင့်သွားသည်။
"အို သတိမဲ့လိုက်တာ"
ကုတင်ဆီကိုလှမ်းသွားပြီး အိပ်စက်နေသူဘေး ဝင်ထိုင်လိုက်သည့်တိုင်လှုပ်ရှားမှုတိုင်းကအသံတစ်ချက်မထွက်။
"ဒီလိုမျိုးမှိတ်ထားရင် ခင်ဗျားမျက်လုံး ဝိုင်းဝိုင်းကြီးတွေ မတွေ့ရတော့ဘူးလေ"
မျက်လုံးတို့မှ နှုတ်ခမ်းတွေဆီအကြည့်ရောက် အသာယာ တို့ထိမိသည်။
"အိကျိအိကျိနဲ့။ ဒါတွေနဲ့ သူ့လင်ကိုကျ လှအောင်ရီပြတယ်။ ငါနဲ့ကျ လေဖြတ်နေသလားမှတ်တယ်"
အအိပ်မက်ပေမဲ့ အိပ်ယာအပြောင်းအလဲမို့ မကြာမကြာနိုးနေမိတယ်။ အခုလည်း ဘေးဘက်ကစကားသံလို ကြားနေရလို့ မျက်လုံးဖွင့်ဖို့ကြိုးစားစဥ် နှုတ်ခမ်းပေါ်မှ စိုစွတ်သောအထိတွေ့ကို ခံစားလိုက်ရသည်။ အလန့်တကြားဖွင့်ကြည့်မိတော့ နှုတ်ခမ်းချင်းလာထိနေသည့်လူကို အလျင်အမြန်တွန်းထုတ်လို့ ထလိုက်ပြီး
"ဘာ ဘာလုပ်တာလဲ မာန်ရိပ်သွေး"
"ပုံပြင်ထဲကလိုလေ sleeping beautyက မင်းသားလေးနမ်းရင်နိုးလာတယ်။ အဲဒါကြောင့်စမ်းကြည့်တာ"
"နိုးလာသားပဲ sleeping owlကြီးက"
"ဘာ ရူးနေတာလားမင်းက"
"နိုးရင်လည်းထ လိုက်ခဲ့သွားမယ်"
"ဘယ်ကိုလဲ"
"မေးတာဖြေအုံးလေ"
ဘာမှပြန်မဖြေဘဲ အောက်ဆင်းသွားသူနောက် အပြေးလေးလိုက်လို့မေးရသည်။ လှည့်တောင်ကြည့်မလာဘဲ ခြံထဲဆင်းသွားပြီး ဆိုင်ကယ်ထုတ်လာလို့
"ဘာလုပ်တာလဲအဲဒါ။ ဒီအချိန်ကြီး ဆိုင်ကယ်က ဘာလုပ်မို့လည်း"
"လျှောက်စီးမို့"
"ရူး ရူးနေပြီလား။ ညဥ့်နက်နေပြီလေ မာန်ရိပ်သွေး"
![](https://img.wattpad.com/cover/344644769-288-k230727.jpg)
Part-4
Start from the beginning