"ဘာများလဲလို့လှိုင်းရယ်။ ရတာပေါ့ စာကြည့်ခန်းထဲ အန်တီစီစဥ်ပေးမယ်။ ဟုတ်ပြီလား"
"ဟုတ်ကဲ့ခင်ဗျ။ သူ့ကိုပြီးရင် လာဖို့ပြောပေးလို့ရမလား"
"ဒီကလေးမျက်နှာမသစ်ရသေးဘူးထင်တယ်။ ပြီးတာနဲ့သားဆီလွှတ်လိုက်မယ်နော်"
"ဟုတ်ကဲ့ ဟို ဟိုလေအန်တီနွေ"
"ဟင် ဘာလို့လဲ သား"
"ဘာ ဘာမှမဟုတ်ဘူး သားစောင့်နေမယ်လို့"
တက်ဖို့ပြင်နေရာမှ လှမ်းခေါ်မိလိုက်ပေမဲ့ ဘာပြောရမှန်းမသိ။ ဘာဆက်ဖြစ်မယ်ဆိုတာမတွေးတော့ပဲ ကြီးကြီးလိုက်ပြသည့် စာကြည့်ခန်းထဲသို့သာ ဝင်စောင့်နေလိုက်သည်။
စာကြည့်ခန်းထဲစောင့်နေရသည်မှာ နာရီဝက်တောင်ရှိနေပြီ။ လာချပေးသောကော်ဖီကိုသောက်ရင်း စောင့်နေယုံသာတတ်နိုင်တယ်။ စာသင်လာသည့်သက်တမ်းတလျှောက်အဆိုးရွားဆုံး အဖြစ်အပျက်ပင်။ အရင်ဆရာတွေ ထွက်ပြေးတာမဆန်းတော့။ ကိုယ်တောင်လက်လျှော့ချင်သလို ခံစားရတယ်။
နောက်တော့ပွင့်လာတဲ့ တံခါးနဲ့အတူ ဝင်လာသူမှာ ဘောင်းဘီတိုနှင့်စွပ်ကျယ် အနက်ဝမ်းဆက်။ ကြည့်ရတာ သူ့ဗီရိုတစ်ခုလုံး မှောင်မည်းနေလောက်တယ်။
"မင်းဘာမှမပါဘူးလား"
"မွေးတည်းကဒီတိုင်းပဲ အပိုတော့တစ်ခုမှပါမလာဘူး"
"ငါပြောတာစာအုပ်။ မင်းစာသင်မှာ စာအုပ်တစ်အုပ်မှ မယူခဲ့ဘူးလား"
"ဘယ်မှာရှိမှန်းတောင်မသိဘူး"
"ဘာ မင်းမှာစာအုပ် တစ်အုပ်မှမရှိဘူး"
"ကီးမြင့်တယ်"
"ဘာ"
"ခင်ဗျားလေသံ ကီးမြင့်နေတယ်လို့။ ကျုပ်ကိုအဲ့လေသံနဲ့လာမပြောနဲ့"
"အင်း စဥ်းစားကြည့်တော့ တစ်အုပ်တစ်လေတွေ့မိသလိုပဲ။"
"ဒါဆိုရှိတာယူခဲ့။ ငါရအောင် သင်မယ်"
"အို ဟုတ်သား ဒီမနက်တစ်အုပ်တွေ့မိတယ်။ ဒါပေမယ့် ကျုပ်ပြီးလိုက်တဲ့အရည်တွေတော့ နည်းနည်းစင်သွားတယ်။ အဆင်ပြေရင် ခင်ဗျားသွားယူလိုက်"
![](https://img.wattpad.com/cover/344644769-288-k230727.jpg)
Part-2
Start from the beginning