အပိုင်း(၂၂)

Start from the beginning
                                    

"ဆိုက်ကားဂိတ်ကြီးပိတ်ရတော့မယ်ထင်တယ် အဟင်း"

ထိုအခါ မျက်စောင်းလေးက ကျွန်တော့်နှလုံးသားတည့်တည့် ဒိုင်းကနဲ ။ဒီလောကမှာ ကျွန်တော့်လိုလူတွေရှိကြလား။ရှိရင်မေးကြည့်ချင်တယ် ပေးဆပ်ခြင်းနဲ့ချစ်တာဘဲကောင်းမလား ဒါမှမဟုတ် ဖွင့်ပြောလိုက်ရင်ရောကောင်းမလားလို့လေ။ဒါပေမဲ့ ကျွန်တော့်အတွက် ကံကြမ္မာစီမံရာအတိုင်းဆို ပေးဆပ်ခြင်းနဲ့ပဲ ချစ်နေရမယ်ထင်တယ်။ ဖွင့်ပြောခြင်းဆိုတဲ့ အကြောင်းအရာမှာ ကောင်းခြင်းဆိုးခြင်းနှစ်ခုဒွန့်တွဲနေတဲ့အခါမှာ ခွဲခွာရမဲ့အချစ်မျိုးဆို ကျွန်တော် သူငယ်ချင်းလိုပဲနေပြီး ပေးဆပ်ခြင်းနဲ့ပဲချစ်နေမယ်။

"ဟေ့ ဟေး မန်စီးတီး နိုင်ပြီ"

"ဝေးးးး ဆိုက်ကားဂိတ်ပိတ်ပြီကွ ဟားဟား"

"ဟာကွာ ငါ*ိုးကျ ရှုံးသွားပြီ"

"ပေးလိုက်တော့ ၅၀၀၀ လာထား အာဘွား ယို့ယို့"

နောက်ဆုံးတွင် မန်စီးတီးက ၂ဂိုး ၁ဂိုးနဲ့အပြတ်အသတ်နိုင်သွားပြီး အုပ်စုတွေထဲက မန်ယူရဲ့အကြိတ်အနယ် အားပေးတဲ့လူတွေဆီက ဆဲရေးသံတွေ၊မကျေနပ်သံတွေထွက်လာတော့သည်။အဲ့ထဲ ထိုက်စံနဲ့ရဲဝင်းလည်းပါသည်။
ကျွန်တော် လက်ခုပ်၂ချက်ကို အားရပါးရတီးလိုက်ပြီး "ဒါဘဲလေ"ဟု ဂုဏ်ဆာတဲ့အသံနဲ့ အော်လိုက်ရင်း  ဘူတောတောလေးထိုင်နေတဲ့ ချစ်ငယ်ကို မခံချင်အောင်စလိုက်၏။

"မန်ယူကြီးတော့ရှုံးသွားပြီ ဟေ့ မန်ယူကြီးတော့ရှုံးသွားပြီ"

"အေးနော် လာမစနဲ့"

"သနားပါတယ် ကောင်လေးတစ်ယောက် မနိုင်တော့ ရှုံးမဲမဲချင်နေပြီ ကျွတ်ကျွတ်ကျွတ်"

"မစနဲ့လို့ ပြောနေတယ်နော် လွမ်းစေသော်"

"ဘာဖြစ်လဲ ရှုံးလို့ရှုံးတယ်ပြောတာ"

ကျွန်တော့်ကို စိတ်တိုသလို တစ်ချက်ကြည့်ပြီး မျက်နှာလွဲသွား၏။ ပါးစောင်ကိုလျှာတစ်ချက်ထိုးပြီး  ရဲနေတဲ့မျက်နှာလေးက ဒေါသထွက်နေမှန်းအသိသာ။ထိုအခါ ကျွန်တော် သဘောတကျပင် အော်ရယ်မိလိုက်၏။ ဒါကို ချစ်ငယ်ကဘယ်လိုထင်သွားလဲ မသိ။မျက်နှာသေနဲ့ ကျွန်တော့်ကိုတစ်ချက် ကြည့်ပြီး ထထွက်သွားတဲ့ ချစ်ငယ်ကြောင့် ကျွန်တော် ကြောင်တောင်တောင်ကြီး ကျန်နေခဲ့သည်။ ဘာဖြစ်သွားတာလဲ။စိတ်ဆိုးသွားတာလား။

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now