အပိုင်း (40)

Start from the beginning
                                    

တစ်ခါ တည်းနဲ့ လူသတ်မယ့် အနေအထား ဖြစ်လေတယ်။

ဒါအတွက် ကိုလည်း ရှောင်ယွဲ့ က အချိန်အကြာ ကြီး ကတည်း က ပြင်ဆင် ထားပြီးသား ဖြစ်တဲ့ အတွက်ကြောင့် ရုတ်ချည်း ဆိုသလိုပဲ သူမနဲ့ ရှောင်ဟွေးဟွေး တို့ရဲ့ အရှေ့မှာ အကာအကွယ် ဒိုင်းတွေ ချက်ချင်း ပဲ ပေါ်လာ ခဲ့လေတယ်။ ပြီးတော့ သူမက အကာအကွယ် အလွှာ ထဲကို သွေးမျိုးဆက် အသန့်စင်ဆုံး သွေးကိုတောင် ထည့်သွင်း ထားခဲ့ တာ ပဲ ဖြစ်လေတယ်။

ထို သွေးမျိုးဆက် အမှတ်အသား​ ကြောင့် ဟဲလျန်ချန်း ရဲ့ တိုက်ခိုက် မှုက သူတို့ အပေါ်ကို ကျရောက် သွားတဲ့ အခါ စွမ်းအား က ဆယ်ပုံ တစ်ပုံတောင် မရှိတော့ ပါပေ။

ရှောင်ယွဲ့ က တိတ်တိတ်လေး နဲ့  ရှောင်ဟွေးဟွေး ဆီကို စိတ်ချင်း ဆက်သွယ် ပြီးတော့ သတင်းစကား ပြော လိုက်တယ်။

ထိုနေ့ မနက်က ရှောင်ယွဲ့ က ရှောင်ဟွေးကို ပြော  ပြီးသား ပဲဖြစ် လေတယ်။

'' အဲ့လို နေ့ရက် မျိုး ရောက်လာ ရင် နင် ဆက်ပြီးတော့ အိပ်ချင်ယောင် ဆောင်နေ လို့ ရတယ်။ နင် ဘာပဲ လုပ်ချင် နေပါစေ ငါနင့်ကို စိတ်ချင်း ဆက်သွယ် ပြီးတော့  သတိ ပေးလိုက်တဲ့ အခါ ကျတော့မှ နင်ကြိုက်တာ လုပ်လို့ ရနိုင်မယ် ။ ''

'' ဘာလို့လဲ? ''

ရှောင်ဟွေးရဲ့ မျက်လုံး တွေက အံ့သြ မှုကြောင့် ပြူးကျယ် သွား လေတယ်။ ဒါပေမယ့် ရှောင်ယွဲ့ သုတ်သင် မယ် ဆိုတဲ့ လူဆိုးကြီး ကိုတော့ သူ့စိတ် ထဲမှာ သေချာပေါက် ရက်စက်စွာနဲ့ ပြန်ထိုးနှက် ဖို့ကို သူရည်ရွယ် ထားပြီးသား ဖြစ်လေတယ်။

ရှောင်ဟွေးဟွေး က ရိုးသား တဲ့ ကောင်လေး ပါ။ သူ့အမ က ထို လူဆိုးကြီးဟာ သူတို့ရဲ့ အသိစိတ် နယ်ပယ်ကို ခွဲခြား ဖို့ လုပ်ခဲ့ တယ်ဆိုတာ ကိုလည်း သိရော တုန်ရီစွာနဲ့ ထောင့်နားလေးကို ​ကျုံ့ကျုံ့လေး တိုးဝင် သွားလေတယ်။

( ကလေးတွေ က တစ်နှစ် လောက်ပဲ ရှိကြသေးတာပါ။)

သူ့ရဲ့ မမ က လှပပြီးတော့ နတ်သမီးလေး နဲ့ တူပေမယ့် သူမရဲ့ စွမ်းအား ကတော့ အလွန်အမင်း ကြောက်ဖို့ ကောင်းအောင် မြင့်နေ ပါပြီ။ သူမရဲ့ စွမ်းအား က ရုပ်ပိုင်း ဆိုင်ရာ စွမ်းအား မဟုတ်ပေမယ့် စိတ်ဝိဉာဥ်ထဲက အသိစိတ်ပင်လယ် ထဲမှာတော့ ချီတွေ အများကြီး ရှိကာ စွမ်းအားကြီးတဲ့ ပါးစပ်လည်း ရှိနေ ပါသေးတယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now