" မြန်မြန်လေးမောင်းပေး​နော် ညီ​လေး
အစ်ကို့ကောင်မလေး​လေယာဥ်ဆင်း
ချိန်နီး​နေပြီ"

" ဟုတ်ကဲ့ ခင်ဗျ"

အနောက်ကလူက စိတ်လော​နေ​တော့
နေစင်ပါ စိတ်​လောရပြီး အမြန်ဆုံး
​ရောက်နိုင်​အောင် အရှိန်တင်ပြီး
ဆိုင်ကယ်ကို မောင်း​နေရသည်။

" ဒါနဲ့အစ်ကို အသွားပဲငှားတာမလား
ကျွန်​တော်​လေဆိပ်ထိ ပို့ပြီးတာနဲ့
ပြန်ရမှာ အချိန်သိပ်မရလို့"

" လေဆိပ်ထိ ပို့ပြီးတာနဲ့ရပြီ အသွား
ပဲငှားတာ အပြန်တော့ အစ်ကို့
ကောင်မလေးပါတော့အထုပ်​တွေနဲ့
ဆိုင်ကယ်နဲ့လည်း အဆင်မပြေဘူး​လေ"

" ဟုတ်ကဲ့အစ်ကို ကျွန်​တော်မြန်မြန်
မောင်းပေးမယ်"

"အို​ကေ ညီ​လေး"

ဆိုင်ကယ်ကို အရှိန်တင်ပြီးသာ
လေယာဉ်ကွင်းဆီသို့ နေစင် ​မောင်း
နှင်လိုက်လျက်။

----------

"​ရောက်ပြီ ခင်ဗျ"

" ကျေးဇူး ညီလေး​ရေ"

"အသွားပဲဆို​ပေမဲ့ လာရတာနည်း
နည်းဝေးလို့​လေ ငါးထောင်တော့
ကျမယ် အစ်ကို"

လေဆိပ်အရှေ့မှာ ဆိုင်ကယ်ရပ်လိုက်
ရင်းဆိုင်ကယ်ကို​ဒေါက်မ​ထောက်​တော့
ပဲ ပိုက်ဆံတောင်းမလို့ အနောက်လှည့်
အကြည့်

"ဟာ ​ဟေ့လူ ​ဟေ့လူ"

နေစင် အသံကျယ်နဲ့ ​အော်ခေါ်သော်
လည်းဆိုင်ကယ်ငှားတဲ့အစ်ကိုက
ပြေးပြီးလေဆိပ်ထဲဝင်သွားခဲ့ပြီ။

" ပိုက်ဆံမပေးဘဲ ဘယ်ကိုပြေးသွား
တာလဲ မေ့သွားတာလား ဘယ်လိုလူလဲအချိန်မရပါဘူးဆိုမှ"

နေစင် စိတ်တိုတိုနဲ့ ​လေဆိပ်မှာဆိုင်ကယ်
ရပ်တဲ့နေရာပတ်ရှာပြီး သွားရပ်ရရင်း
လေဆိပ်ထဲလိုက်ဝင်ရင်း ခုနကလူကို
သွားရ
ရှာရတော့တယ်။

ဒေါသကလည်း ထွက်နေပြီ။

သူ့ကောင်မလေးကိုကြိုတာ နောက်ကျ
မှာစိုးလို့​မေ့ သွားတယ်ဆိုရင် ခွင့်လွှတ်ပေးလိုက်မယ်။

တမင်သက်သက်ပိုက်ဆံမပေးဘဲ
လစ်​ပြေးသွားတယ်ဆိုရင်တော့
​​နေစင်အ​ကြောင်း သိ​စေရမယ်။

The First He GlaredWhere stories live. Discover now