အပိုင်း(၂၁)

Start from the beginning
                                    

ကုတင်ပေါ်ကထကာ မျက်နှာသစ်ဖို့ တဘတ်ရှာတော့  တော်တော်နဲ့ရှာမတွေ့။ဘယ်ရောက်သွားတာလဲ။ မနေ့က တန်းပေါ်တင်ထားတာကို။

"ချစ်ငယ်"

"ဟေ"

"ငါ့တဘတ်ကော မနေ့က ဒီတန်းပေါ်တင်ထားတာ"

"ငါလျှော်ထားတယ်"

"ဟာ ယူယူမလျှော်နဲ့ဆိုကွာ"

"ငါမှမလျှော်ရင် မင်းတစ်သက်လုံး မလျှော်ဘဲပစ်ထားမှာလေ "

ချစ်ငယ်ပြောတာမှန်နေတာမို့ ကျွန်တော် ကြက်ကြီးလည်လိမ်သလို ဖြစ်သွား၏။ကျွန်တော် အပျင်းထူနေခြင်း မဟုတ်ဘဲ လျှော်ဖို့ မေ့သွားရုံသာ ဖြစ်သည်။စာတွေနဲ့လုံးပန်းနေမိသည်မှာ ၉တန်းစာဖြစ်တဲ့ ဘောဂတွဲနဲ့bioတွဲမှာ ဘောဂတွဲကိုယူမဲ့အစား ကျွန်တော်က ချစ်ငယ်ယူတဲ့ bioတွဲကိုသာ ယူခဲ့၏။

အမှတ်နဲ့အခန်းခွဲသည်မို့ အခန်းမတူတော့ဘဲ ချစ်ငယ်မှာ စာတော်သည့်သူမို့ Aခန်းမှာနေရပြီး ကျွန်တော်က  Aခန်းရဲ့ ဘေးချင်းကပ် Bခန်းတွင်သာ နေရာကျ၏။အတန်းချိန်တစ်ခု ပြီးတိုင်း Bခန်းရဲ့မော်နီတာ ဖြစ်တဲ့ကျွန်တော်က ဆရာမတွေကို နားနေခန်းဆီလိုက်လိုက်ပို့ပေးရသည်မို့ Aခန်းရှေ့ဖြတ်သွားချိန်တိုင်း  ကိုယ့်ကလေးလေးကို ချောင်းကြည့်ရတာအမော။ဒါတွေကို ချစ်ငယ် သိမှာမဟုတ်ချေ။

စက်ဘီးကို အိမ်ရှေ့ထုတ်ရင်း ချစ်ငယ်ရဲ့ လွယ်အိတ် အနီလေးကိုယူရင်း ရှေ့ခြင်းထဲသို့ ကျွန်တော့် လွယ်အိတ်နဲ့ အတူတူထည့်လိုက်၏။စက်ဘီးနင်းနေရင်း နောက်ကျောကနေစာကို rapရွတ်သလိုဆိုနေတော့ ဘဲနှုတ်သီးလေးနဲ့ချစ်ငယ်ကို အသံကြားပြီးရုပ်မြင်သွားမိတာမို့ သဘောတကျရယ်မိလိုက်၏။တကယ်ကို ချစ်စရာကောင်းတာ။

"ဘာရယ်တာလဲ"

ကျွန်တော့်ပုခုံးကို ခပ်ဆက်ဆက်ရိုက်ပြီး သူစာကျက်ဖတ်သွားလို့ မကျေနပ်သည်အသံ နဲ့ မေးလာ၏။ထိုအခါ ကျွန်တော် ရီနေတာအတောသက်လိုက်ပြီး

"ဘာမှမဟုတ်ပါဘူးကွာ"

"မနေ့ကရှင်းပြထားတဲ့ physicတွေရပြီလား"

"သိပ်နားမလည်သေးဘူး"

"အေး ညကျ ထပ်ရှင်းပြမယ်"

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now