အပိုင်း (39)

Start from the beginning
                                    

ထိုအမျိုးသမီး ရဲ့ မျက်နှာ က နတ်သမီး လေးလို လှလွန်းလို့ သူမက ဒီကမ္ဘာပေါ် ကနေ တည်ရှိမှု မျိုး မဟုတ်ဘူး ဆိုတာကို သူခန့်မှန်း မိလေတယ်။

ဟဲလျန်ချန်း က စိုက်ကြည့် နေကာ စိတ်ကို တည်ငြိမ်အောင် ထားပြီးတော့ လက်ကို ဆန့်ထုတ် လိုက် လေတယ်။

သူ အရင်ဆုံး ရှာရမယ့်ဟာ က ဒီမိန်းမက ဘယ်နေရာ ကနေ ရောက်လာ သလဲ ဆိုတာနဲ့ စုယွမ်နဲ့ ဘယ်လို စုံစည်း ခဲ့ ရသလဲ ဆိုတာ တာကို ပဲ။ အဲ့ဒါကို ဟဲလျန်ချန်း နားလည် သဘောပေါက် လေတယ်။

ကိုယ့်ကိုယ်ကို နဲ့ ကိုယ့်ရဲ့ ရန်သူကို နားလည် ထားခြင်း က ပိုကောင်း တဲ့ အောင်မြင် မှုကို ရလာ နိုင်မယ်လေ။

ထိုအချိန်မှာပဲ ဟဲလျန်ချန်း က သူ့ရဲ့ လူသား ပုံစံကို ပြောင်းလိုက်ကာ ရှောင်ယွဲ့ရဲ့ နဖူး အရှေ့ကို  လက်ဆန့်ထုတ် လိုက်လေတယ်။ ပြီး တော့ ရှောင်ယွဲ့ရဲ့ နဖူးအရှေ့မှာ အနက်ရောင် အလင်းလုံး ကြီး က ဖြစ်ပေါ်လာတယ်။

ရှောင်ယွဲ့ က ချက်ချင်း ကိုပဲ သူမရဲ့ စိတ်ဝိဉာဥ် ပင်လယ် ထဲမှာ အင်အား ကြီးတဲ့ စွမ်းအား တစ်ခုကို ခံစား လိုက် ရလေတယ်။ ဒါပေမယ့် ထို ဟဲလျန်ချန်း က သူမတို့ရဲ့ သွေးရင်း ဖခင် တစ်ယောက် ပဲလေ။

ထိုစွမ်းအား ကလည်း သွေးရင်း ဆက်နွယ် မှုကို သတိ ပြုမိတဲ့ အတွက် သူမ အပေါ် တိုက်ခိုက် လိုစိတ် တွေ က ပျောက်ကွယ် သွားကာ အဲ့အစား  သူမရဲ့ စိတ်ဝိဉာဥ် ပင်လယ် ထဲကို စွမ်းအား အဖြစ် စုပ်ယူ ခံလိုက် ရ​လေတယ်။

ဟဲလျန်ချန်း ကတော့ ရှောင်ယွဲ့ရဲ့ နဖူးပေါ်ကို လက်ဝါး တစ်ဖက်နဲ့ ရင်ဆိုင် ထားကာ နောက်တစ်ဖက် ကိုတော့ နောက်ကျော မှာ ထားပြီးတော့ သူ့မျက်နှာ ပေါ်က အမူအရာ က အရာရာ တိုင်းဟာ သူ့ရဲ့ လက်အောက်မှာ ပဲ ရှိနေတယ် ဆိုတဲ့ ပုံစံ ပေါ်နေ ခဲ့လေတယ်။

ဒါပေမယ့် တစ်ခဏ အကြာမှာတော့ ဟဲလျန်ချန်း ရဲ့ မျက်နှာ ပေါ်က အမူအရာ က အနည်းငယ် ပြောင်းလဲ သွားလေတယ်။ သူက နောက်ထပ် အား တစ်ခုကို ထုတ် ဖော်လိုက်ကာ ရှောင်ယွဲ့ ရဲ့ စိတ်ဝိဉာဥ် ပင်လယ် ထဲကို ထပ်ပြီး ထည့်လိုက် ပြန်တယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now