"စည်သူ မောင့်ကိုဂရုစိုက်ပေးနော် ""ဟုတ်ကဲ့အစ်ကိုလေး"
"အခုမောင် ဘာလုပ်နေလဲ"
"Boss အိပ်သွားပီထင်တယ် အခန်းထဲက
မထွက်လာသေးဘူး""ဟုတ်လား ဒါဆိုရင်လဲ အစ်ကိုဖုန်း
ချလိုက်တော့မယ်နော် ""ဟုတ်ကဲ့ အစ်ကိုလေး"
မောင့်ကိုဆက်ရင် မောင်က ကိုင်မှာမဟုတ်တာကိုသိတာကြောင့် စည်သူဆီကိုသာဆက်ရသည် နာရီကိုလှမ်းကြည့်တော့ မနက်တစ်နာရီကိုညွှန်းပြနေသည်
ဆက်ပီးတော့လဲအိပ်လို့မရတော့တာကြောင့် ဗီဒိုထဲက မောင့်ရဲ့အင်္ကျီတစ်ထည်ကိုယူကာ နမ်းရိုက်လိုက်သည်။"လွမ်းလိုက်တာ မောင်ရယ်"
မောင့်ရဲ ကိုယ်သင်းနံ့ကပ်စွဲနေတဲ့ အင်္ကျီကို နမ်းရိုက်ပီးနောက် ဝမ်းနည်းစိတ်တို့က
ကြီးစိုးလာသည်။တီ~~
Happy birthday pr koko a yan chit tl
မောင့်ဆီကနေ ဝင်လာတဲ့ မက်ဆေ့ခ်ျကို
ရပီးပီးချင်း မောင့်ကိုဖုန်းဆက်ဖို့လုပ်ပေးမဲ့
call ခလုတ်ကိုမနှိပ်ရဲခဲ့ပေ ကျနော့ကြောင့် မောင် စိတ်အနှောင့်အယှက် ဖြစ်မှာကို
မလိုလားပေ မောင်ပို့ထားတဲ့ မက်ဆေ့ခ်ျ
အထပ်ထပ်အခါခါဖတ်ရင်း ဖြေသိမ့်နေရသည်။အချိန်အားဖြင့် မနက် ၅နာရီခွဲရှိပီဖြစ်တာကြောင့် ရေမိုးချိုးကာ လည်ကတုံးရှပ်အင်္ကျီအဖြူနဲ့ ပုဆိုး နက်ပြာအကွက်လေးကိုတွဲဖက်ဝတ်ဆင်ကာ အောက်ကိုဆင်းလာလိုက်သည်။
ဒီနေ့က ကျနော့ရဲ့မွေးနေ့ဖြစ်တာကြောင့်
ဘုရားသွားပီး နေ့နံ့ထောင့်မှာ ပန်း၊ဆီမီး၊ရေချမ်းတို့ကို ပူဇော်ချင်သေးတာကြောင့်.စောစောထွက်လာလိုက်သည်။XXXXXXXXXXXXXXXXXXXXXXXXXXX
"ငဖြိုးရေ သွားကြမယ်လေ"
"ဟုတ် လာပီ ကိုဘုန်း"
ကိုဘုန်းက ကားပေါ်အရင်တက်သွားတာကြောင့် စားပွဲပေါ်မှာတင်ထားတဲ့
လက်ဆောင်ထုပ်လေးကို ပြေးယူရသေးသည်။Ringing ~~~
"အင်း ကိုယ်တို့ထွက်လာနေပီ "
"......."
YOU ARE READING
ဒီရင်အနက်ရှိုင်းဆုံးကိုခွဲ၍ပြချင်သည် (Complete )
Romancedrama အနည်းငယ်ဘဲပါပီး ro တဲ့ဖက်ကိုသွားမှာပါဗျ