p-29(Zawgi, uni)

511 14 0
                                    


"မောင် ကော်ဖီဆိုင်လေးကို ဘာနာမည်လေး ပေးရမလဲဟင်"

"ကိုကို့သဘောလေ"

"အင်း ကိုယ်စဉ်းစားထားတာ DreamLandလို့ပေးမလားလို့"

"Dream Land ဘာလို့ပေးတာလဲကိုကို"

"ဟို မောင့်ကိုပြောရင် ကိုယ့်ကိုစိတ်မဆိုးနဲ့နော်"

"အင် ဘာမှမဖြစ်ဘူး "

"ကိုယ် ဒီကော်ဖီဆိုင်လေးကိုဖွင့်ချင်တာက စီးပွားဖြစ်ဖွင့်ချင်တာမဟုတ်ဘူး မောင်သိလား ကိုယ်ငယ်ငယ်လေးတည်းက ကြီးလာရင် ကော်ဖ်ီဆိုင်လေးဖွင့်မယ်လို့ အမြဲစိတ်ကူးနေခဲ့တာ"

"အင်"

"ပီးတော့ ကိုယ်ရဲ့ရည်ရွယ်ချက်နောက်တစ်ခုက ကိုယ် လူတိုင်းကို ကော်ဖီလေးလိုမျိုး နွေးထွေးမူပေးချင်တယ် "

"ကိုကို"

"မောင်ကလဲ ကိုကိုပြောတာနားထောင်ပါအုံး "

"ကိုကိုက မောင်တစ်ယောက်တည်းအတွက်ဘဲနော်"

"ဟူတ်ပါတယ်ဗျာ ကိုယ့်ကိုမောင်တစ်ယောက်တည်းပိုင်တာပါ"

"အင်း"

"ဒီကော်ဖီဆိုင်လေးကနေ ရတဲ့အမြတ်လေးတွေကို ကိုယ် လိုအပ်တဲ့နေရာတွေကိုလှူချင်တယ် ပီးတော့ကိုယ် တစ်ပတ်တခါ ဂေဟာက ကလေးတွေ ရိပ်သာက အဖိုးအဖွားတွေကိုလှူချင်တယ်"

"ဟုတ်ကဲ့ပါဗျာ ကိုကိုဖြစ်ချင်တာကို မောင်အကုန်လိုက်လုပ်ပေးမှာပေါ့"

"မောင်တစ်ယောက်တည်းမလုပ်ရပါဘူး ကိုယ်နဲ့တူတူလုပ်မယ်လေ "

"ဟုတ်ကဲ့ပါဗျာ မောင်ဝမ်းသာလိုက်တာသိလား"

"ဘာလို့တုန်း မောင်ရဲ့"

"မောင်က အခုလို ဖြူစင်ရိုးသားပီး မောင့်ကို ချစ်ပေးတဲ့ မောင့်ကိုဂရုစိုက်ပေးတဲ့ မောင်ကို အလိုလိုက်ပေးတဲ့ ကိုကို့ကို ပိုင်ဆိုင်ထားရလို့လေ"

"ကိုယ်ကလဲ ကံကောင်းတဲ့လူတစ်ယောက်ပါနော် အခုလို ကိုယ်ဖြစ်ချင်တာကို လိုက်ဖြည့်ဆည်းပေးတဲ့ မောင်လို ကောင်လေးကိုရထားလို့"

"ကောင်လေးတဲ့လား ကိုကိုနော် မောင်နဲ့ကိုကိုက ဘယ်အခြေအနေတွေရောက်ပိီးပီလဲဆိုတာ ကိုကိုမသိတာလား"

ဒီရင်အနက်ရှိုင်းဆုံးကိုခွဲ၍ပြချင်သည် (Complete ) Where stories live. Discover now