Ep 10(Zawgi +unicode)

640 26 5
                                    


"အားလုံးကိုယ့်အသင်းကိုယ်ဖွဲ့ပီး
နာမည်စားရင်းလာပေးပီး လိုအပ်တဲ့
ပစ္စည်းတွေကို အသင်းခေါင်းဆောင်ကလာပီထုတ်ယူပါ တစ်သင်းကို
ငါးယောက်တစ်ဖွဲ့ဖွဲ့ပါ''

အဖွဲ့ခေါင်းဆောင်က ပစ္စည်းလာယူရန်
ပြောနေတာကြောင့် ဗညားက ကျနော့ကိုမေးလာသည်။

"ဘုန်းယံမင်းငါတို့နဲ့ဖွဲ့မလား''

"တော်ပီ ငါကိုငယ်တို့နဲ့ဘဲဖွဲ့လိုက်မယ်''

"ဟာ''

"ဗညား မပါချင်တဲ့သူကိုခေါ်မနေနဲ့''

"ဓန မင်းကလဲကွာသူငယ်ချင်းအချင်းချင်းကို''

"ငါကဘာလုပ်နေလို့လဲ ဖြစ်နေတာကသူလေ''

"ဟျောင့်မင်းကသူ့ကိုထိုးထားတာလေကွာ မင်းအရင်တောင်းပန်မှပေါ့''

"မတောင်းပန်နိုင်ဘူး''

"အေးပါကွာ ဒါဆိုငါသွားရှာလိုက်အုံးမယ်''

"သွား''

မျက်စိရှေ့တည့်တည့်မှာရှိနေတဲ့ ကိုကိုကကျနော့ကိုတောင်ဂရုမစိုက် သူ့အဖွဲ့နှင့်သူသာရှိနေသည်။ ခဏကြာတော့ကျနော့
ဘက်ကိုလှည့်လာပီး အကြည့်ချင်းစုံတော့ပြုံးပြလာသည့်ကိုကိုကြောင့် အကြည့်တို့လွှဲမိသည် ။အခုလိုကိုကိုကကျနော့ကိုအပြစ်မယူဘဲအမြဲခွင့်လွှတ်ပေးနေတာက ကျနော်ကိုကို့အပေါ်အမြဲအနိုင်ယူချင်တဲ့စိတ်ကိုပိုပီးကြီးထွားလာစေသလို။

ကျစ်!!

"ဓန ငါရှာလို့ရလာပီ''

ဓနကိုမြင်တော့ ခေါ်လာတဲ့ကောင်က
အသံထွက်လာလေသည်။

"ဟျောင့် မင်းပြောတော့ ဓနမပါဘူးဆို''

"မင်းကလဲကွာ အချင်းချင်းတွေဘဲဘာမှမဖြစ်ပါဘူး''

"ဘာမှမဖြစ်လို့ရမလား ဒီကောင့်ကြောင့်ငါကျောင်းတစ်ပတ်တောင်နားရတယ်လေ''

"ဖြစ်ပီးသားကိစ္စတွေကိုမင်းကလဲ''

"တော်ပီ ငါမင်းတို့နဲ့မဖွဲ့တော့ဘူးတခြားသူတွေနဲ့ဘဲဖွဲ့မယ်''

တခြားသူတွေနဲ့ဖွဲ့မယ်ဆိုပီးထွက်သွားတဲ့ကောင်က ကျနော်ဘယ်လောက်ခေါ်ခေါ်လှည့်မကြည့်ပေ။

ဒီရင်အနက်ရှိုင်းဆုံးကိုခွဲ၍ပြချင်သည် (Complete ) Where stories live. Discover now