p-31(z+u)

460 15 0
                                    


"အကို"

"အော ညီ"

"ဟိုနေ့က အကိုပြောတာလေ အလုပ်လိုချင်ရင် လာခဲ့ပါဆိုလို့"

"အင်း ညီလေး အကိုတောင်းပန်ပါတယ်နော် ဆိုင်ကလူပြည့်သွားပီ"

"ဟုတ်လား"

"အင် အစ်ကိုတောင်းပန်ပါတယ် ဟိုစိတ်မရှိရင် အစ်ကိုညီလေးကို ကူညီလို့ရပါတယ်"

"ဟင့်အင်း မလိုပါဘူး ကျနော်သူများဆီကအလကားမလိုချင်ဘူး ပီးတော့ ဒါက ဟိုနေ့က ကိတ်မုန့်ဖိုးပါ ကျနော့ကိုကူညီလို့ကျေးဇူးတင်ပါတယ်အကို"

"တမျိုးမထင်နဲ့နော်ညီလေး ဒါကညီ ဒီမှာနေတဲ့တစ်လျှောက်သုံးလို့ရမှာပါ"

ပိုက်ဆံထည့်ထားတဲ့စာအိတ်လေးကိုသူ့ဘက်တိုးပေးတော့
ကောင်လေးကအတော်ကြာစိုက်ကြည့်ပီးမျက်ဝန်းထက်ကနေ မျက်ရည်စက်များကျလာသည်။

"ကျေးဇူးတင်ပါတယ် တကယ်ကျေးဇူးတင်ပါတယ်"

"အင် ဒါကိုလက်ခံလိုက်နော် ဒီတိုင်းမယူချင်ဘူးဆိုလဲ နောက်အဆင်ပြေရင် နဲနဲချင်ဆပ်သွားလို့ရပါတယ်"

"အကိုသိလား ကျနော့ရဲ့မိဘတွေက
ကျနော့ကို အမြဲတမ်းသူတို့ပုံစံခွက်အတိုင်းဘဲနေခိုင်းတယ် ကျနော်လွတ်လပ်ချင်တယ် အကို "

"ဒါတွေက ညီကောင်းဖို့အတွက်ပါ"

"မဟုတ်ဘူး ကျနော်ကောင်းဖို့ဆိုတာထက် သူတို့အတ္တကိုချစ်တာ လူတွေ့ရှေ့မှာသူတို့မျက်နှာရချင်တာ ကျနော်အကောင်းဆုံး ကြိုးစားပေးခဲ့တယ် ကျနော့အိမ်မက်တွေကို လက်လျော့ပီး သူတို့အလိုကို အကောင်းဆုံးဖြည့်ဆည်းပေးခဲ့တယ် "

"အကိုနားလည်ပါတယ် စိတ်မကောင်းမဖြစ်ပါနဲ့ အကူအညီလိုရင် ဒီကိုလာခဲ့နော်"

"ကျေးဇူးပါအကို အကို့ကျေးဇူးကိုကျနော်
မမေ့ပါဘူး"

"ရပါတယ်"

"ကျနော် အကို့ကိုတခါလောက်ဖက်ခွင့်ရမလားဟင် "

"အင် ရတာပေါ့လာ"

ဒီကောင်လေးရဲ့အကြောင်းတချို့က ကျနော်နဲ့ ဆင်တူနေသည် အမြဲတမ်းသူတို့အတွက်လုပ်ပေးတာတောင်အကောင်းမြင်တာမခံရတဲ့သူပေါ့။

ဒီရင်အနက်ရှိုင်းဆုံးကိုခွဲ၍ပြချင်သည် (Complete ) Where stories live. Discover now