အပိုင်း (35)

Start from the beginning
                                    

အစောလေး ကတည်းက ဟဲလျန်ချန်း က တံခါးနား ရောက်နေ ခဲ့တာ ပဲ ဖြစ်လေတယ်။ ပြီးတော့ လူရိုင်း နှစ်ယောက် က ပျောက်သွား ပြီဆိုတာကို စုယွမ် ကြားလိုက် ရတော့ အရမ်းကို စိုးရိမ် သွားတဲ့ ပုံပေါ်လေတယ်။ နောက်ပြီး စုယွမ် က အရမ်းကို စိတ်ဖိစီး သွားကာ သူ့ကို ထားခဲ့ ပြီး လိုက်ရှာ တော့မယ့် ပုံပေါ်လေတယ်။

ဟဲလျန်ချန်း က လုံးဝ ကို မစောင့် နိုင် တော့ပါပေ။ စုယွမ်ကို ထပ်ပြီး ထွက်သွားမှာ ကို သူသေချာပေါက် တားမှပဲ ဖြစ်ရမယ်။ အဲ့အချိန်မှာပဲ တစ်ဖက်လူ က တံခါး ကို ဖွင့်လာ ခဲ့လေတယ်။

စုယွမ် က ဟဲလျန်ချန်း ကို တွေ့တဲ့ အခါ မှာတော့ သူက တစ်ခဏတော့ တုံ့ဆိုင်း သွား လေတယ်။ ဒါပေမယ့် အဲ့အခုချိန်မှာ ရှောင်ယွဲ့နဲ့ ရှောင်ဟွေးဟွေး တို့ ပျောက်ဆုံး နေတာ ကပဲ သူ့ရဲ့ စိတ်ထဲမှာ ပဲ အရမ်းကို အလေးသာ နေခဲ့ လေတယ်။

ဒါ့ကြောင့် သဘာဝ ကျစွာ နဲ့ပဲ သူက ဟဲလျန်ချန်း ကို လုံးဝ ဂရုမစိုက် နိုင်တော့ပဲ အမြန် ပြောလိုက် လေတယ်။

'' ရှောင်ယွဲ့နဲ့ ရှောင်းဟွေးဟွေး တို့က ပျောက်ဆုံး နေတယ်တဲ့လေ။ ငါ သူတို့ကို သွားပြီးတော့ ချက်ချင်း ရှာမှ ဖြစ်လိမ့်မယ် ''

ရှောင်ယွဲ့ က နတ်သမီးလေး လို မျိုး လှပ လေတယ်။ ရှောင်ဟွေးဟွေးလေး ကလည်း ​ချစ်စရာ ကောင်းကာ ရိုးသားနုံ အပြီးတော့ အဖြူထည် လေးလေ။ ကလေး နှစ်ယောက် စလုံး က အတော်ငယ် သေးတယ်။ တစ်ယောက် ယောက်ကများ အကြံဆိုးကြီး ရှိနေ မယ်ဆို ကလေးတွေက ဘယ်လိုတောင် သိနိုင် မှာတဲ့လဲ?

'' ရှောင်ယွဲ့ နဲ့ ရှောင်ဟွေးဟွေး ဆိုတာ က ဘယ်သူလဲ? ''

ဟဲလျန်ချန်း က စိတ်ရှည်စွာနဲ့  တိတ်ဆိတ်ပဲ မေးလိုက် လေတယ်။ သူ့ရဲ့ နှလုံးသား ထဲမှာတော့ ' ငါစိတ်ငြိမ်မှ ဖြစ်မယ် ' ၊ ' စိတ်ငြိမ် ထား ရမယ် ' ဆိုပြီးတော့ ရေရွတ် နေခဲ့ လေတယ်။  သူ့ကိုယ်သူ ထိန်းချုပ်ထား ပြီးတော့ စုယွမ် ကို နာကျင် စေမယ့် ဘယ်လို ကိစ္စမျိုး ကိုမှ မလုပ်မိအောင် ရုန်းကန် နေခဲ့ ရလေတယ်။

အရှေ့က တွေးခဲ့ သမျှတွေ အကုန်လုံး က သူ့ရဲ့ ကိုယ်ပိုင် ခန့်မှန်း ချက်တွေသာ ဖြစ်ပြီးတော့ သူထင်ထား သလို မဖြစ် နေရင် ဘယ်လို လုပ်ကြ မတဲ့လဲ။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now