အပိုင်း (34)

Start from the beginning
                                    

ထိုဟာကို ဟဲလျန်ချန်း တွေးမိ ပြီးတာ နဲ့ ထပ်ကာထပ်ကာ စိတ်ကူး ယဥ် ပုံဖော် နေမိလေတယ်။ ထို ကိစ္စမျိုးကို အတွေးထဲ မှာပဲ စိတ်ကူးယဥ် ပုံဖော် နိုင်တဲ့ အတွက်ကြောင့် မြွေကြီးရဲ့ နှလုံးသား ခမျာ ယားယံ လာလေတယ်။

'' ရွှီးဟယ် နဲ့ စီးထူယန် တို့ ကိစ္စ ကို ဘယ်လို မျိုး ကိုင်တွယ် လိုက်ရ မလဲ? ''

ဟဲလျန်ချန်း က ပြန်မတုံ့ပြန် တာ ကြောင့် စုယွမ် က အနည်းငယ် ဆုံးရှုံး သွား သလို ခံစား လိုက် ရတယ်။ ဟဲလျန်ချန်း က ဘာတွေ တွေးနေ သလဲ ဆိုတာ ကို သူ တကယ် မသိတော့ပေ။ ဒါပေမယ့် ဟဲလျန်ချန်း ရဲ့ မျက်ဝန်း တွေ ထဲ မှာ အပြုံးတွေ နဲ့ ပြည့် နေပြီးတော့ အဲ့အပြုံးထဲမှာ တောက်ပ မှုတွေ တလက်လက် ဖြစ်နေတာ ကို တွေ့လိုက် ရတယ်။ ဒါကြောင့် စုယွမ် က သူ့ကို ထပ်ပြီး မေးလိုက် လေတယ်။

ဟဲလျန်ချန်း ကလည်း အသိ မြန်မြန် ပြန်ဝင် လာကာ အနည်းငယ် လောက် တွေးပြီးတော့ မှ ပြောလာ ခဲ့လေတယ်။

'' သူတို့ နှစ်ယောက် လုံးကို အရင်ဆုံး အတူတူ ပိတ်ထား ကြရအောင်။ ကိုယ် က အခု ဒီလို ပုံစံ ဖြစ်နေ သေးတယ်လေ။ တကယ်လို့ ကိုယ်သာ သူတို့ကို အလျင် အမြန် သတ်လိုက်မယ် ဆိုရင် မြွေနန်းတော် တစ်ခုလုံး ကသောင်းကနင်းတွေ ဖြစ်လာမှာကို ကိုယ်ကြောက် မိလို့ပါ ''

ဒါတွေကို စုယွမ်က လုံးဝ ကို နားမလည် ပေမယ့် သူလုပ်သမျှ တွေက ဟဲလျန်ချန်းကို ကယ်တင် နိုင်ဖို့ပဲ လေ။ ဟဲလျန်ချန်း အဆင်ပြေ နေသမျှ သူက ဘာကိုမှ ဂရုမစိုက်တော့ ပါပေ။

ဟဲလျန်ချန်း ကလည်း စီးထူယန် ကို ကိုင်တွယ် မဖြေရှင်းချင် ပါပေ။ သူ့ မိန်းမ က ဒီနေရာ မှာ ရှိနေ တယ်လေ။ သူက အမှန်တော့ မြွေနန်းတော် ရေခဲမြွေ ကလန် ကိုရော တစ်ခုမှ ဂရုစိုက် မ နေပါပေ။ သူက အန္တရယ် တွေ နဲ့ မဟာ ဗျူဟာ တွေကို တွက်ချက် ပြီးတော့ စုယွမ် ကို သူ့နား ခေါ်ထား ကာ တစ်သန်လုံး နေသွား မယ့် အစီအစဉ် တွေကို ချိန်ဆ နေခဲ့တာ ပဲ ဖြစ်လေတယ်။

မမျှော်လင့်စွာ နဲ့ပဲ စီးထူယန် နဲ့ ရွှီးဟယ် အဲ့ အရူး နှစ်ယောက် က သူ့မိန်းမလေး စုယွမ် ကို တကယ်ကြီး ပြန်ခေါ်လာ နိုင်ခဲ့တယ်လေ။ ဒီနေရာမှာ တစ်ခြား နည်းလမ်း မရှိတော့ဘူး။ ဒါပေမယ့် မြွေနန်းတော် စီမံ ဖို့ အတွက် သူက အနည်းငယ် ကွဲ ပြားစွာ  တွေးပေး ရမှာ ပဲ ဖြစ်လေတယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now