အပိုင်း (33)

Start from the beginning
                                    

ဟဲလျန်ချန်း က ဆက်ပြီးတော့ စောင့်ကြည့်ဖို့ နောက်ထပ် ဆုံးဖြတ် ချက် ချ လိုက်တယ်။

ဘာပဲ ဖြစ်ဖြစ် သူက စောင့်ကြည့် ပေးနေတာ ပဲလေ။ တကယ်လို့ စုယွမ် ကသာ မဟုတ်တာ တစ်ခု ခု လုပ်မယ် ဆိုရင်တောင် သူက စုယွမ် ကို မေ့လဲ သွားစေအောင် လုပ်လို့ ရတယ်လေ။

စုယွမ် က သူ့အဝတ်တွေကို ချွတ်ကာ ရွှီးဟယ် ရဲ့ အဝတ်အစား တွေကို ဝတ်လိုက် ပြီးတော့ သူ့ရဲ့ ဆံပင်ကို ဖြည်ချ လိုက်ကာ ရွှီးဟယ်လို ဆံပင် ပုံစံ ပြင်ပြီးတော့ သူမရဲ့ ဆံပင် အဆင်တန်ဆာ တစ်ခု ကို ယူလိုက် ပြီး တပ်ဆင်လိုက်တယ်။ နောက်တော့ စုကလန် က ပေးလိုက်တဲ့ အသွင်အတုခိုး မှော်ကိရိယာ ရဲ့ စွမ်းအား နဲ့ သူက ရွှီးဟယ် ပုံစံ အဖြစ် ပြောင်းလဲ သွားလေတယ်။

ဟဲလျန်ချန်း:'' !!!! ''

ကြည့်ရတာ သူအရမ်း ကို အတွေးလွန် သွားပြီးတော့ စုယွမ် ရဲ့ အကြံအစည် ကို ကျရှုံးအောင် ချိုးဖောက် မိလုနီးပါးပဲ။ တကယ်လို့ အဲ့တာကိုသာ စုယွမ်သိ သွားလို့ ကတော့ အဲ့တာကြောင့်နဲ့ စုယွမ် က သူ့အပေါ် အမြင်ဆိုး ရှိမှာကို သူမလို ချင်ပါပေ။

ထိုတစ်ခဏ မှာပဲ စုယွမ် က မမြင်နိုင်တာ ကို သူသိနေတာ တောင်မှ ပဲ ဟဲလျန်ချန်း က သူ့ဘာသာ သူ လိမ္မာတဲ့ ကလေးလေး အဖြစ်ပြုမူ နေခဲ့တယ်လေ။

သူ့ခမျာ အသက်တောင် ကောင်းကောင်း မရှုရဲပဲနဲ့ စုယွမ် ဘေးနားမှာပဲ ကြက်ကလေး တစ်ကောင် လို တိတ်တိတ်လေး စောင့်နေခဲ့ လေတယ်။

ကိစ္စတွေ အားလုံး အခြေကျ ပြီးသွားတာ နဲ့ စုယွမ် ပထမဆုံး လုပ်တဲ့ ဟာက ရွှီးဟယ်ရဲ့ ကိုယ်ကို ထောင့် နေရာ တစ်ခု ဆီ တရွတ်တိုက် ဆွဲ သွားပြီးတော့ ဖုံးကွယ်ထား လိုက်တာ ပဲ ဖြစ်လေတယ်။ ဒါပေမယ့် သူက သူ့ရဲ့ အဝတ်တွေနဲ့ သွေးတွေကို သုတ်လိုက် ရလေတယ်။ ပြီးတော့မှ တံခါးကို ဖွင့်ကာ အပြင်ဘက် ကို လမ်းလျောက် ပြီးတော့ ထွက်သွားတော့တယ်။

သူက ဘေးက ဟောခန်း အဆောင် ဆီကို ဦးတည် သွားခဲ့ ပြီးတော့ မျှော်လင့်ထား သလိုပဲ ထိုနေရာမှာ စီးထူယန် ရှိနေ ခဲ့လေတယ်။ စီးထူယန် တင် မကပဲ ထိုဟောခန်း ထဲမှာ အစိမ်းရောင် ဝတ်စုံလေး ဝတ်ထားတဲ့ လှပချစ်စရာ ကောင်းတဲ့ အမျိုးသမီး တစ်ယောက် ပါ ရှိနေသေး လေတယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now