" အဓိပ္ပာယ်မရှိတာပဲ.. ချစ်တယ်ဆိုရင် ငါ့လက်ကို အဆုံးထိ ဆွဲထားမှပေါ့ .. ဝေးသွားဖို့ကိုတော့ သတ္တိရှိပြီး နီးစပ်လာဖို့ အားမထုတ်ချင်ဘူးလား "
အပြာနုရောင်ဂါဝန်လေးကိုဝတ်ထားတဲ့ ကလယ်ရာဟာ ရွှေအိုရောင်ဆံပင်တွေနဲ့ သိပ်ပနံသင့်တယ် ။ နီမြန်းနေတဲ့ ပါးမို့မို့မှာ လိမ့်ဆင်းသွားတဲ့ မျက်ရည်စတွေကလည်း နူးနူးညံ့ညံ့ပါပဲ ။
" ရတယ်.. အဲ့လိုဆိုရင်တောင် အကိုက မင်းဆီ တစ်လှမ်းချင်း လှမ်းလာခဲ့မှာမို့ မင်းက ဒီတိုင်းလေးပဲ ရှိနေပေး.. "
" ဒီအတိုင်းလေးပဲ ရှိနေမယ်လို့ အကို့ကို ကတိပေးပါ.."
" ရှိနေပေးမယ်မလား ကလယ်ရာ.. "
လက်ကို ဆန့်တန်းကာ ပေးလိုက်တဲ့ ရောဘတ်ကို ကလယ်ရာက မျက်ရည်တွေ ကြားထဲက ခေါင်းငြိမ့်ပြတယ် ။ နောက် နဖူးပြင်ပေါ် နင့်နဲစွာ နမ်းရှိုက်လိုက်ပြီးတဲ့နောက် နှစ်ယောက်စလုံးပေါ် ကျရောက်နေတဲ့ စလိုက်မီးတွေကလည်း အဖြူရောင်ကနေ ရွှေဝါရောင်ကို ပြောင်းသွားတယ် ။
" မင်းတို့တွေ အချစ်ကို ခံစားကြည့်ဖူးလား ။
နဖူးပေါ် ကျရောက်လာတဲ့ အနမ်းနွေးနွေးတွေ ၊ အသွေးအသားထဲအထိ နွေးထွေးသွားတဲ့ ကြာရှည်တဲ့ ပွေ့ဖက်ခြင်းတွေ ၊ ကြယ်တွေလို တလက်လက်တောက်နေတဲ့ မျက်ဝန်းအိမ်ထဲက ချစ်ခြင်းတရားတွေနဲ့ အခြေအနေတိုင်းကို တူတူရှိနေချင်တဲ့ ပြင်းပြတဲ့ စိတ်ခံစားချက်တွေ ။
လူတွေက တစ်ခါတစ်ရံ ဝေးရမှာထပ် ချစ်မိဖို့ကို ကြောက်ကြတယ် ။ တစ်ချို့တွေကတော့ အချစ်နဲ့ ဘဝကို အလဲအထပ်လုပ်ကြတယ်တဲ့ ။ အဲ့ဒီ စိန်ခေါ်မှုတစ်ခုက ကျရှုံးသွားခဲ့တယ်ဆိုရင် ထိုလူဟာ ဘာဖြစ်သွားမယ်လို့ထင်လဲ ။
အကယ်၍ အောင်မြင်သွားခဲ့ရင်ရော..
ဘယ်သူက သိနိုင်မှာလဲ ? မင်း ပုံပြင်ကလည်း အဆုံးသတ်မှာ ပျော်ရွှင်စရာ ဇာတ်သိမ်းမျိုး ကြုံတွေ့ နိုင်တာပဲ ။ ကြယ်တွေကို ရေတွက်ရင်း စောင့်စားကြည့်ပါ.. တစ်နေ့ မင်းရဲ့ အချစ်က မင်းရဲ့ မျက်စိရှေ့ကို ကြွေကျလာပါလိမ့်မယ်တဲ့.. "
YOU ARE READING
A sky fulls of scars [ Sungjake ]
Fanfictionstucking with you in this same, old, love again | 𝐏𝐚𝐫𝐤 𝐒𝐮𝐧𝐠𝐡𝐨𝐨𝐧 • 𝐒𝐢𝐦 𝐉𝐚𝐞𝐲𝐮𝐧 | Available in both Unicode & Zawgyi
Epilogue
Start from the beginning