အပိုင်း (31.1)

Start from the beginning
                                    

ဟဲလျန်ချန်း က တစ်ခဏတော့ ဒေါသလဲ ထွက်သလို ရယ်လည်း ရယ်ချင် မိသွားတယ်။ သူက လက်ထဲမှာ ဆေးပင်တွေကို ကိုင်ထား ပြီးတော့ အိပ်ယာပေါ်မှာ အသံထွက်ကာ အိပ်နေတဲ့ စုယွမ် ကို ရပ်ကြည့် နေခဲ့တယ်။ နောက်တော့ မနေနိုင်ပဲ လက်ကို ဆန့်ထုတ်ကာ စုယွမ်ရဲ့ ပါးလေးကို ဆွဲဆိတ်လိုက် ဖို့ လုပ်လေတယ်။

ဒါပေမယ့် သူက လက်ကို ဆန့်ထုတ်ပြီး တဲ့နောက် ပြန်ပြီးတော့ ရုတ်သိမ်း လိုက်လေတယ်။ စုယွမ် က ဒီလောက်ထိ ချို​မြိန်စွာ အိပ်ပျော် နေမှတော့ သူကလည်း စုယွမ် ကို မနိုးသွားစေ ချင်ပါပေ။

ဟဲလျန်ချန်း က တိတ်တိတ်လေး ငုံ့ကိုင်းကာ စုယွမ်ရဲ့ နဖူးလေးကို ငြင်သာစွာ နဲ့ နမ်းလိုက်လေတယ်။ အဲ့အနမ်း က ဘယ်လောက်တောင် ပေါ့ပါး ငြင်သာ လိုက်သလဲ ဆိုရင် ငှက်မွှေး လေးနဲ့ ထိသွားရုံလောက် လေးပဲ ဖြစ်လေတယ်။

အဲ့တာ က အရမ်းလေးလံ အောင် နမ်းမိပါ က စုယွမ် ကို နိုးစေ ပြီးတော့ နာကျင်အောင် လုပ်မိ မှာကို ဟဲလျန်ချန်း စိုးရိမ်နေတာ ပဲ ဖြစ်လေတယ်။

အနမ်းပေး ပြီးတဲ့နောက် အေးစက်နေတဲ့ ဟဲလျန်ချန်း ရဲ့ မျက်နှာပေါ်မှာ အလွန်အမင်းကို စိတ်ကျေနပ် နေတဲ့ အပြုံးကြီးအား မထိန်းနိုင်ပဲ ထွက်ပေါ်လာ လေတယ်။

သူက တကယ်ပဲ စုယွမ် ဆိုတဲ့ အဆိပ်ကို မိသွား ပြီးတော့ မကောင်းဆိုးဝါး တစ်ကောင် ရဲ့ ပင်ကိုယ်ဗီဇ ဖြစ်တဲ့ ပိုင်ဆိုင်လို စိတ် ပြင်းထန် တာ က ပေါ်ပေါက် လာပြီးတော့ အခုလို အသေးငယ်ဆုံးသော ချစ်ခင်မှု ကို ပြသတဲ့ အနမ်းလေး ကတောင်မှ ပဲ ဟဲလျန်ချန်း အား အလွန်အမင်း ပျော်ရွှင်စေ ခဲ့တယ်လေ။

တကယ်လို့ သူသာ စုယွမ်ကို လုံးဝ ပြည့်ဝ စွာ ပိုင်ဆိုင် နိုင်တဲ့ တစ်နေ့ ရောက်လာရင် သူဘယ်လိုတောင် ပျော်ရွှင် ရမလဲ ဆိုတာကို တွေးတောင် မတွေးတက် တော့ပါပေ။

ဟဲလျန်ချန်း က သူနဲ့ စုယွမ် ချစ်မိသွား ကြမယ် ဆိုတဲ့ အတွေးမျိုး တွေးပြီးတော့ စိတ်ကူးယဥ် နေခဲ့လေတယ်။

သူတို့ နေ့တိုင်းပဲ အတူတူ ပူးပူးကပ်ကပ် ရှိနေ ကြမှာ ဖြစ်ပြီးတော့ စုယွမ် က နတ်ဘုရား တစ်ဝက်တောင် မှာကလို တုံးတုံးအအ နဲ့ ချစ်စရာ ဝက်လေး ပုံစံ ပဲ ဆက်ဖြစ် နေမလား ဒါမှမဟုတ် သူနဲ့ အတူ ဆယ်နှစ်ကျော် နေခဲ့ပေးတဲ့ နတ်သားအကိုကြီး လိုမျိုး ဖြစ်နေမလား ဆိုတာကို သူ သိချင်နေ မိတယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now