အပိုင်း (31.1)

Start from the beginning
                                    

စုယွမ် က အခန်းထဲမှာ ပိတ်ထား ခံရတာ ကြောင့် သူက မကူညီနိုင်တာ ဖြစ်လို့ အရမ်းတွေ စိုးရိမ် ပူပန်နေ ရကာ သူ့ရဲ့ ခေါင်းကိုလည်း အကြိမ်ကြိမ် ကုတ်ဖွ နေမိလေတယ်။ အဲ့တာက ပဲ သူ့ရဲ့ ဆံပင်တွေကို ညိတွယ် တင်းကြပ် သွားစေတယ်။

အမှောင်ထဲမှာ ပုန်းနေတဲ့ ဟဲလျန်ချန်း ခမျာ မတက်နိုင်တော့ပဲ စုယွမ် အလိုရှိတဲ့ ဆေးပင် ၃ မျိုး အကြောင်းကို တွေးမိလေတယ်။ သူက လှုပ်ရှား လိုက်ပြီးတော့ အပြင်ကို ထွက်လိုက်တယ်။

သူက ဆေးသိုလှောင်ရာ အခန်း ကို တစ်ချက်လောက် သွားပြီးတော့ ကြည့်ဖို့ လုပ်လိုက်တယ်။ အဲ့နေရာမှာတော့ ထိုဆေးပင် ၃ မျိုး ကို သူရှာတွေ့ လောက် ပါရဲ့။ စုယွမ် လိုချင်တဲ့ ဆေးပင်တွေက အဖိုးအရမ်းတန်တဲ့ ဆေးပင်တွေ မှ မဟုတ်တာ ပဲလေ။

ဆေးသိုလှောင်ရာ အခန်း ကို ဟဲလျန်ချန်း ရောက်သွား ပြီးတဲ့နောက် သူ ရှာတွေ့ သွားတာက အဲ့ဆေးပင် ၃ မျိုးက ဆေးသိုလှောင်ခန်း ထဲမှာ လုံးဝ ကို ရှိမနေ ပါပေ။

အဲ့ဒါက အရမ်းကို ရှားပါးနေလို့ မဟုတ်ပဲ အရမ်းကို သာမန် ဆန်နေလို့ အသုံးသိပ်မဝင်တာ ကြောင့် မထားတာ ပဲ ဖြစ်လေတယ်။

နည်းလမ်း မရှိပဲ ဟဲလျန်ချန်း က နန်းတော် အပြင်ဘက်က ဆေးသိုလှောင်ခန်း ထဲကို သွားပြီးတော့ ကြည့်ရ ပြန်တယ်။ ​နောက်ဆုံးမှာတော့ ဟဲလျန်ချန်း ခမျာ ထို ဆေးပင် ၃ မျိုးကို အခန်းရဲ့ ထောင့်အကျ ဆုံး နေရာကနေ ဆွဲထုတ်လိုက် ရတယ်။

အဲ့တာ က အရမ်းကို သာမန်ဆန် ပြီးတော့ အရမ်းကို အရည်အသွေးနိမ့် လေတယ်။ အဲ့တာ တွေကို သေချာ ခွဲခြမ်းထားခြင်း မရှိပဲနဲ့ အကုန်လုံး ကို ထောင့်နားလေး မှာ စုပုံထားတာ ပဲ ဖြစ်လေတယ်။ အဲ့တာတွေကို စုဆောင်းထား တဲ့ အချိန်မှာ ရှိတယ်ဆိုရုံပဲ ထားဖို့ လုပ်ထားတာ နဲ့ ပိုတူ နေလေတယ်။

ဟဲလျန်ချန်း က စုယွမ် လိုအပ်နေတဲ့ ဆေးပင်  ၃မျိုး ကို ယူပြီးတော့ စုယွမ် ရဲ့ အခန်းဆီကို အမြန် ပြန်ပြီးတော့ သွားလေတယ်။

နောက်တော့ သူရှာတွေ့ သွားတာက စုယွမ် က အိပ်ယာပေါ်မှာ အိပ်ပျော် နေပြီ ဆိုတာကို ပါပဲ.......... ။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now