အပိုင်း(၁၆)

Comenzar desde el principio
                                    

"ငါ့ကိုလျှောက်လုပ်နေမယ့်အစား စာလေးနည်းနည်းလောက်ဖြစ်ဖြစ် ကျက်နေပါလား ၅မိနစ်လောက် အချိန်ရသေးတယ်"

လွမ်းစေသော်က ခဏလေးငြိမ်သွားကာ အမေးတစ်ခွန်းဖြင့်ဆက်ပြောလေသည်။

"ငြိုငြင်နေတာမလား ဘောပင်လေးနဲ့ဒီလိုလေးခြစ်တာကို"

"အာ ဒီကောင် မင်းစာရအောင်လို့ ငါပြောနေတာဟ"

"စာမလုပ်ချင်လို့မတက်ဘူး လုပ်ထားတာ မင်းကြောင့် တက်လိုက်ရတာ "

"မင်း.."

ကျွန်တော်စကားဆက်ချင်သော်ငှား ဘုန်းဘုန်းကြွလာတာကြောင့် ဆက်မပြောဖြစ်တော့။

"ကဲ ဘုန်းဘုန်း မင်းတို့ကို မနေ့က စာကျက်ခိုင်းထားတယ်မလား"

"တင့်ပါ့ ဘုရား"

"ဟုတ်ပြီ တစ်ယောက်ချင်းစီလာပြန်မယ်"

ဘုန်းဘုန်းပြောလိုက်တဲ့စကားကြောင့် ကျွန်တော်လန့်သွားရ၏။ အဲ့တာဆို လွမ်းစေသော် ဘယ်လိုလုပ်မလဲ။ ကျွန်တော်ပြာသလဲလဲဖြင့် လွမ်းစေသော်ဘက် ကြည့်မိတော့ အေးအေးဆေးဆေးသာ။ ဒီကောင် ဘာလို့ အဲ့လောက်နေနိုင်ရတာလဲ။ကျွန်တော် အတွေးတို့ကအမျိုးမျိုးဝင်ရောက်လာပြီး ရင်တုန်လာတော့သည်။ စိတ်ပူသည်။ ဘုန်းဘုန်းက ကြိမ်လုံးနဲ့ရိုက်တတ်သည်။ အနည်းဆုံး ၃ချက်လောက်က အရိုက်ခံရမှာ ကျွန်တော်သိသည်။ ရုတ်တရက် အတွေးတစ်ခုရသွားတာကြောင့် ခပ်လန့်လန့်နဲ့ပင် ကျွန်တော်ပြောမိလိုက်တာက။

"ဘုန်းဘုန်း တပည့်တော်တို့ကို အလွတ်ရေးဖို့ပြောထားခဲ့တယ် ဘုရား အဲ့တာ အလွတ်မရေးတော့ဘူးလားဗျ"

"အလွတ်ရေးရင် ခိုးချတဲ့သူတွေရှိမှာစိုးလို့ ကဲ စာအုပ်တွေပိတ်မယ် ကိုရင်ကစဆိုမယ်"

ဘယ်လိုမှမကယ်နိုင်တော့သောကြောင့် ကျွန်တော်လက်လျော့လိုက်ရတော့သည်။ကျွန်တော်တို့ရှေ့က  ကိုရင်လေးတွေကိုအရင်ဆုံး စာဆိုခိုင်းသည်။ တဖြည်းဖြည်းနဲ့အချိန်ကုန်ဆုံးကာ ကျွန်တော့်အလှည့်ရောက်လာတော့သည်။ ကျွန်တော်က စာရသည့်သူမို့
ရှောရှောရှူရှူနဲ့ ဆိုပြနိုင်သော်ငှား ကျွန်တော့်အလှည့်ပြီးရင် လွမ်းစေသော်အလှည့်ပင်။ ကျွန်တော်စိုးရိမ်တကြီးလွမ်းစေသော်ကို တစ်ချက်ကြည့်မိတော့ လွမ်းစေသော်က ခပ်သာသာလေးပြုံးပြသည်။

အချစ်ထက်သာလွန်သော[Completed]Donde viven las historias. Descúbrelo ahora