အပိုင်း(၁၅)

Start from the beginning
                                    

"မဟုတ်ပါဘူး ကိုရင် ခဏနေ တရားထိုင်မလို့ပါ"

"ကိုရင် ဘယ်တော့လူထွက်မှာလဲ"

"အင် အဲ့တာတော့ မသိသေးဘူး ဒကာလေး"

"တင့်ပါ့ အဲ့တာဆို တပည့်တော် သွားပြီ ဘုရား"

ကိုရင်ဝတ်နေစဥ်အတွင်း လူက ဘာမှလုပ်ချင်စိတ်မရှိပဲ မကွဲဖူးတဲ့အသည်းကွဲသွားသလိုလို အမေကတောင် "ကိုလွမ်း မင်းခြေငြိမ်နေပါလား မင်းသူငယ်ချင်းတွေဆီ မသွားဘူးလား"ဟု အမြဲတမ်း လိုက်ဖမ်းရင်တောင်မမိတဲ့ ခြေများတဲ့ ကျွန်တော့်ကို  ထိုသို့ ပြောလာတဲ့အထိပင်။ သူငယ်ချင်းတွေရဲ့  "မင်းရုပ်ကြီးလည်း ရည်းစားပူမိနေတဲ့အတိုင်းပဲ"ဟု ပြောသံများလည်း ကြားလိုက်ရသေးသည်။ တစ်ပတ်လောက်အကြာတွင် အိမ်ပြန်ရောက်လာတဲ့ ကိုရင်လူထွက်ကြောင့် သူ့မှာ အနည်းငယ်လောက်စိတ်ဆိုးချင်သွား၏။သို့သော် ဘာမှမသိသူပီပီ ကျွန်တော်စိတ်ကောက်နေမှန်း နည်းနည်းလေးမှ သတိမထားမိခဲ့ ။စကားမပြောဘဲမနေနိုင်တဲ့ ကျွန်တော်က ရှက်ရှက်နဲ့ကိုယ့်ကိုယ်ကိုသာ  စိတ်ကောက်ပြေခဲ့ရသည်။

ဗလာစာအုပ်ပေါ် နာမည်ထိုးနေတဲ့ ချစ်ငယ်လက်ရေးဝိုင်းဝိုင်းလေးတွေကို ကြည့်ရင်း ကျွန်တော့် ဗလာစာအုပ်တွေကိုပါ ထုတ်ပြီး ချစ်ငယ်ကိုနာမည် ထိုးခိုင်းလိုက်သည်။ကျွန်တော့်ရဲ့တစိတ်တပိုင်းတိုင်းမှာ  ချစ်ငယ်နဲ့ပတ်သတ်တာလေးပါစေချင်ရုံသာ။

"ချစ်ငယ် "

"အွန်း"

"ငါ့စာအုပ်ကို နာမည်ထိုးပေးပါလား"

"ကိုယ့်ဘာသာရေးလေ"

"မင်းလက်ရေးကလှတယ် လုပ်ပါ....နော်"

"ပြီးရော"

ကိုရင်ဝတ်လာစဥ်အတွင်း သိလိုက်ရတာသည် ငွေကြေးမယူဘဲ အခမဲ့သင်ပေးတဲ့ ဘုန်းဘုန်းဘုရားကြောင့် ချစ်ငယ်က "ဒီတိုင်းနေနေမဲ့အစား အင်္ဂလိပ်စာ သင်တန်း တတ်မယ်"ဟုပြောကာ ကျွန်တော့်ကိုပါမဲစွယ်သည်။ စာကျက်စာဖတ်ရမှာ ပျင်းတဲ့ ကျွန်တော့်ကို  အမေကပါ တိုက်တွန်းလာတော့ ကျွန်တာ် မငြင်းသာတော့ဘဲ တတ်ဖို့ အကြောင်းဖန်လာတော့သည်။ လက်ကအငြိမ်မနေပါဘဲ ချစ်ငယ်ရဲ့ ဘယ်လက်လေးကိုယူကာ ဘောပင်ဖြင့် ပုံဆွဲမိလိုက်သည်။ ဆွဲမိတာက ယုန်ပုံသာ ဖြစ်သည်။

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now