အပိုင်း (26.2)

Start from the beginning
                                    

ရုတ်တရက် ပဲ သတိတရ ဖြစ်သွားတဲ့ အတွက်ကြောင့် မထိန်းနိုင်ပဲ တုန်ရီလာ ခဲ့တယ်။

မဟုတ်ဘူးနော်။

အဲ့တာ ကြောင့်တော့ မဟုတ်ဘူး မလား ။

စုယွမ် က တုန်ရီ သွားကာ သူ့ရဲ့ မျက်လုံးတွေကို အသာလေး ဖွင့်ကြည့်လိုက်လေတယ်။ တကယ့်ကို မြင်ရရုံလေး ဖွင့်ပြီးတော့ သူ့လက်မောင်း နေရာပေါ်ကို စောင်းပြီးတော့ ကြည့်လိုက် လေတယ်။

သူ့ရဲ့ မျက်လုံးကို ဖမ်းစား သွားနိုင်တာ ကတော့ ဖြူဖျော့ ပေမယ့် ကျက်သရေ အပြည့် ရှိတဲ့ အလှတရား တစ်ခု ပဲ ဖြစ်လေတယ်။

မျက်လုံး ၊ နှာခေါင်း နဲ့ ပါးစပ် တွေ အကုန်လုံး က ပန်းချီ ဆွဲထား သလိုပါပဲ။

စုယွမ် က တစ်ခဏ လေး မူးဝေ သွားလေတယ်။

အဲ့တာ က မြွေမကောင်းဆိုးဝါး အလှလေး ပဲ ဖြစ်လေတယ်။

သူက သူ့အလှ တရားကို မြင်လိုက် ရတဲ့ အချိန်တိုင်း မှာ မထိန်းနိုင်ပဲ ငေးမော နေမိ လေတယ်။

ထိုအချိန်ကောင်း မှာ ပဲ ဟဲလျန်ချန်း တစ်ယောက် နိုးထ လာတော့မယ့် ဟန်ပေါ်ကာ မျက်ခွံတွေက လှုပ်ရှား သွားလေတယ်။ အဲ့အခါမှ စုယွမ်လည်း ပြန်ပြီးတော့ သတိဝင်လာ တော့တယ်။

ဆိုတော့ အဲ့အလှလေး က မနေ့က တစ်ညလုံး သူ့ရဲ့ လက်မောင်းပေါ်မှာ အိပ်ခဲ့တာနဲ့ တူတယ်!

စုယွမ် ရဲ့ ခန္ဓာကိုယ် တစ်ခုလုံး နေလို့ မကောင်းတော့ပေ။ ပြီးတော့ သူ့ရဲ့ စိတ်ထဲ မှာလည်း  ထပ်ကာ ထပ်ကာ ထပ်ကာ ပဲ့တင်သံ ပြန်နေတော့တယ် ........။

သူ ကွေးသွားပြီ.......

စတီး တစ်ချောင်းလို ဖြောင်တန့် နေတဲ့ သူ့လည်း ကွေးသွား ရှာပါပြီ....... ။

မနေ့ ညက သူက အိပ်ပျော်နေတုံး ယောင်ပြီးတော့ လမ်းထ လျောက် မိတာ များလား။

ပြီးတော့ အလှလေး ဟဲလျန်ချန်း ကို စိတ်ထဲကနေ မထုတ် နိုင်ပဲ ကုတင်ပေါ်ထိ ရောက်အောင် သွားခဲ့ မိတာ ပေါ့။

ပြီးတော့ အလှလေး ကို သူ့လက်မောင်းပေါ် တင်အိပ် စေ လိုက်တာ ပေါ့လေ!

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now