အပိုင်း (26.2)

Start from the beginning
                                    

ဒီဆက်နွယ်မှု သာ လုပ်ထား လိုက်ရင် စုယွမ် က ကမ္ဘာအဆုံး ထိ ဘယ်နေရာကို ပဲ ပြေးပုန်းပါစေ သူက သေချာပေါက် ရှာတွေ့နိုင်မှာ ပဲ ဖြစ်လေတယ်။

သူဘယ်တော့မှ အဲ့အချိန် ကလိုမျိုး အတွေ့အကြုံ ကို ပြန်ပြီးတော့ မခံစား ချင်တော့ပါပေ။ သူက ကူကယ်ရာမဲ့စွာ ခံစား ရပြီးတော့ စောင့်မနေ လိုပါပေ။ ဘယ်အချိန်မှ သူပြန်ရောက်လာ မလဲ ဆိုတဲ့ အဖြစ်မျိုး ကို နောက်ထပ် ဘယ်တော့မှ ဆက်ပြီးတော့ မဖြစ်လို ပါတော့ပေ။

တစ်ဖက်လူ ရဲ့ အေးချမ်းစွာ အိပ်ပျော်နေတဲ့ မျက်နှာလေး ကို တွေ့လိုက် ရတော့ ဟဲလျန်ချန်း က ငုံ့ကိုင်းကာ သူ့ရဲ့ နဖူးလေး ကို ငြင်သာစွာ နမ်းလိုက် ပြီးတော့ စုယွမ် ရဲ့ဘေး မှာ တင်းတိမ် ရောင့်ရဲ စွာနဲ့ ဝင်ပြီးတော့ အိပ်လိုက် လေတယ်။

ဟဲလျန်ချန်း တစ်ယောက် သူ့ရဲ့ မျက်လုံးကို မှိတ်ထားစဥ် အတွင်းမှာပဲ သူ့ရဲ့ နှုတ်ခမ်းထောင့်က မထိန်းနိုင် ဖြစ်ကာ အပေါ်ကို ကွေးတက် သွားလေတယ်။ ကြည့်ရတာ ကတော့ ပျော်ရွှင်မှုကို ထိန်းချုပ်ထား လို့ ရဟန် မပေါ်ပါပေ။

တစ်ခဏ လောက် လဲလျောင်း ပြီးတဲ့နောက် သူ့ရဲ့ မျက်လုံးတွေကို နောက်တစ်ခါ ပြန်ပြီးတော့ ဖွင့်လိုက်လေတယ်။ အနက်ရောင် အလင်းတစ်ခု က သူ့မျက်လုံးထဲမှာ လွင့်မျော သွားတယ်။

အဲ့အကြောင်းကို တွေးပြီးတဲ့နောက် သူက နောက်တစ်ခါ ပြန်ထ ကာ စုယွမ် ရဲ့ လက်မောင်း တစ်ခု ကို ဆွဲဖြန့်ကာ အဲ့အပေါ်မှာ ခေါင်းအုံး ပြီးတော့ အိပ်လိုက် လေတယ်။

( ကလေး နှစ်ယောက် မွေးထားပြီးသား အဖေတွေပါ 😗)

နောက်တစ်နေ့ မှာတော့ စုယွမ် က တဖြေး​ဖြေး နိုးလာ ခဲ့လေတယ်။ သူ့ရဲ့ လက်မောင်း တစ်ဖက် က အနည်းငယ် နာကျင်ပြီးတော့ ထုံနေတာ ခံစား လိုက်ရတဲ့ အခါ မှာတော့ သူက အဲ့တာကို မ လို ခဲ့တယ်။ ဒါပေမယ့် မ လို့ မရခဲ့ပေ။ အဲ့လက်မောင်း ရဲ့ အပေါ်မှာ လေးလံတဲ့ တစ်စုံ တစ်ခု ရှိနေခဲ့ဟန် ပေါ်လေတယ်။

သူက ထိတ်လန့် သွားပြီးတော့ သူမေ့မလဲ ခင်တုံး က ကြုံတွေ့ လိုက်ရတဲ့ မြင်ကွင်းကို ချက်ချင်းပဲ ပြန်သတိ ရသွား လေတယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now