IQ မြင့်တဲ့ သူတွေရဲ့ သူတို့ လုပ်သမျှ အရာတိုင်းက မွေးရာပါပင်ကိုယ်အရည်ချင်းကြောင့်လား ?

ဟုတ်တာပေါ့ ,ဉာဏ်ရည် ထက်မြတ်ခြင်းက မျိုးရိုးလိုက်တာကြောင့်ပါပဲ..!

ညစား စားသုံးပြီးနောက် ချန်းအမျိုးသမီးက အိမ်ထိန်း ကျန်း အမျိုးသမီးနှင့် အတူ ထွက်ခွာသွာလေးသည်။

ညအိပ်ချိန် တွင် ဗီလာမှ အလုပ်သမား နှစ်ယောက် မှာ အလုပ်ဆင်းသွားကြလေပြီဖြစ်ရာ လင်းရီရီ နဲ့ မိန်ရှင်းရှင်းက တော့ ဧည့်ခန်း ထဲတွင် TV ကြည့်ရင်း ဇိမ်ခံ နေလေသည်။

တခြား‌သူတွေနဲ့ ရောရောနှောနှော မနေ ပါသော မိန်ယူ့ရန် က သူ(မ) တို့နဲ့ အတူ ဆိုဖာ ပေါ်မှာထိုင်ပြီး TV အတူတူကြည့်နေတာကြောင့် အမှန်တကယ် အံ့အားသင့် ရပါသည်။

ဒါက မိသားစု မှာကြုံတောင် ကြုံခဲ အခြေနေတစ်ခု ဖြစ်ပေသည်။ သူ(မ) အနေနဲ့ အိမ်စာတွေ လုပ်လို့ ပြီးပြီး လားဟု မေးမြန်း ခြင်းကလဲ ထို့ အခိုက်တန့် ကို ဖျက်စီး မိစေမှာ မဟုတ်ပါဘူး။

ဘာကြောင့်ဆို ဒီကလေးက အတော်လေး ဉာဏ်ကောင်းတယ် ဒါကြောင့် ကျောင်းစာ လုပ်ရန်တွက် သူ့အား တွန်းအား‌ ပေးဖို့ မလိုအပ်ဘူး။

သူ(မ) က စိတ်ရှုပ်စရာကောင်းတဲ့ မိခင်လဲ မဖြစ်ချင်ဘူးလေ။

"ဒီနေ့ကတော့ ရုပ်ရှင် ဧကရာဇ် မိန်ယန် နဲ့ ထွန်းသစ်စ ကြယ်ပွင့်လေးဖြစ်တဲ့
ကျန်းရှီရီ တို့ရဲ့ဒဏ္ဍာရီလာ ခမ်းနားတဲ့ လက်ထက်မင်္ဂလာ ပွဲဖြစ်ပါတယ်။ ဤ မြင်ကွင်း ဟာ ခေတ်ရေစီးကြောင်း ရုပ်ရှင် နှင့် ရုပ်မြင်သံကြား ဆုပေးပွဲ တွေနဲ့တောင် နှိုင်းယှဉ်ရ‌ ပါလိမ့်မယ်။ ဒီမင်္ဂလာပွဲက ဆုပေးပွဲ အခမ်းနားတွေရဲ့ ကော်ဇော်နီ ထက်တောင် ပိုပြီးတော့ ‌လင်းလတ် တောက်ပ နေတယ်လို့ ပြောရရင်လဲ လွန်ရာ ကျလိမ့်မယ် လို့ မထင်မိပါဘူးနော့် ဖျော်ဖြေရေ လောကရဲ့ ဒိတ်ဒိတ် ကြဲတွေ ဖြစ်ကြတဲ့ လုရိဖန် , လန်စီယွီ , သုဝေ, ရန်ကျဲ တို့လဲ တတ်ရောက် လာကြပါတယ်...."

90 မီတာ ရှိ LED TV ဖန်သားပြင်ပေါ်မှာ ပေါ်လာတဲ့ လှပတဲ့ အမျိုးသမီး နဲ့ ခန့်ညား အမျိုးသား တစ်ဦးကို တွေ့လိုက်ရတယ် နောက်ပြီး အစီစဉ် တင်ဆက်သူကလဲ အဆက်မပျက် နဲ့ကို ကြေငြာ နေလေသည်။

ဗိီလိန်လေးတို့ရဲ့အ‌မြှောက်စာဇာတ်‌ကောင်မေမေ (ဘာသာပြန်)Where stories live. Discover now