အပိုင်း(၁၄)

Start from the beginning
                                    

"ဖယ် ရေချိုးသွားမလို့"

ကျွန်တော်ပြောတာကို မကြားသည့်နှယ် နှုတ်ခမ်းကိုမဲ့ရင်း လက်ကိုကိုင်ထားဆဲ။

"လွှတ်လို့ ပြောနေတာကြားလား"

ကျွန်တော် ခပ်မာမာသာပြောမိသည်။

"လွှတ်"

ထိုအခါ ဆက်ချော့လာသူက လွမ်းစေသော်

"မလွှတ်ဘူးကွာ မလွှတ်ဘူး ချစ်ငယ် စိတ်ဆိုးပြေမှ လွှတ်မယ်"

ဂျစ်တိုက်နေသည်ဘဲလား၊ ချော့နေသည်လား မသဲကွဲတော့။တစ်ရက်တာ စိတ်ဆိုးဖို့ပြင်နေတဲ့ ကျွန်တော်က တစ်ထစ်လျှော့ကာ

"အေးကွာ မဆိုးဘူး မဆိုးဘူး ရပြီလား လွှတ်တော့"

"စိတ်ဆိုးနေတဲ့ လေသံကြီးနဲ့"

"ကွာ...."

သည်ပုံစံအတိုင်းဆို ကျွန်တော် သည်နေ့ရေချိုးရမည် မထင်တော့။

"အင်း စိတ်မဆိုးတော့ဘူး ငါရေချိုးမလို့ လွှတ်ဦး"

"အွန်း ချစ်ငယ်စားဖို့ ငါမနက်က စပျစ်သီးဝယ်လာတယ် ငါအခွံနွှာထားမယ်နော် "

"အေး"

ကျွန်တော်သိပါသည်။ဒါဟာ လွမ်းစေသော်ရဲ့ မသိမသာချော့နည်းလေး တစ်မျိုး။ အပြောထက် အလုပ်နဲ့ ချော့တတ်တဲ့ လွမ်းစေသော်က တခါတလေ ချစ်ဖို့ကောင်းပါသည်။

....
ဖွံဖြိုးဆဲ မြန်မာနိုင်ငံမှာ နေနေရသည်မို့ ညဘက်အိပ်ခါနီး ပန်ကာလေးနဲ့နှပ်မယ် လုပ်ခါမှ မီးကထပျက်လေ၏။ယပ်တောင်ကို တဖြတ်ဖြတ်ခက်ရင်း အိပ်ဖို့ကြိုးစားနေသော်လည်း နွေရာသီအပူကြောင့် လုံးဝအိပ်မရပေ။ အိပ်လို့မရတဲ့အဆုံး လက်နှိပ်ဓါတ်မီးကိုယူကာ အပြင်သို့ထွက်လာခဲ့သည်။လင်းထိန်းနေသော လရဲ့အကူအညီဖြင့် ပတ်ဝန်းကျင်မှာ လင်းကျင်းလျက်ရှိသည်။ လက်နှိပ်ဓါတ်မီးကိုပိတ်ပြီး ကွတ်ပစ်ပေါ်သွားထိုင်နေလိုက်သည်။

အနည်းငယ်မှောင်နေတာကြောင့် ခြင်တွေက ကျွန်တော့်နား တဝဲလည်လည်နဲ့မို့ ယပ်တောင်နဲ့ခါယမ်းရသေးသည်။လေအေးအေးလေး တိုက်ခက်လာသည်မို့ ထိုအခါမှ နေသာထိုင်သာရှိသွားတော့သည်၊အကြောင်းအရင်းမဲ့စွာဖြင့် ကောင်းကင်ထက်က လမင်းကြီးကို ဆွေးမြေ့စွာ ငေးမောကြည့်မိ၏။ ချက်ချင်း အတွေးထဲဝင်ရောက်လာသူက တစ်ယောက်သောသူ။ သူ မေမေနဲ့ဖုန်းပြောတုန်းက မေမေ ဒီလကုန်ဆို မုံရွာကိုလာခဲ့မယ်တဲ့။အိမ်ငှားနဲ့နေမည်ဟုပြောလာသည်။ ဒါဆို သူ လွမ်းစေသော်နဲ့ခွဲနေရတော့မည်။

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now