အခန်း(၇.၁)

Start from the beginning
                                    

ကုဟိုင်၏ဆက်တိုက်လှုပ်ဆောင်မှုက သူ့ရှေ့မှာအာရုံစူးစိုက်နေတဲ့အဆင့်မြင့်ဇာ့ဂ်တွေကို နေမထိထိုင်မသာဖြစ်စေတယ်။သူတို့က အမြီးထိခံနေရတဲ့ငွေရောင်ဆံပင်နှင့်ဇာ့ဂ်ကို အနီးကပ်စောင့်ကြည့်နေတယ်။သူတို့က နောက်တစ်ခဏမှာ အမြီးက လူငယ်လေး၏လည်တိုင်ကို ချိုးပစ်လိုက်မှာကို ကြောက်ရွံ့နေတယ်။

ဒီအဆင့်မြင့်ဇာ့ဂ်အုပ်စု၏အမြင်တွင် ထိန်းသိမ်းထားတဲ့လူမျိုးရေးလက္ခဏာရပ်တစ်ခုအနေဖြင့် ငွေရောင်အမြီးကို ပိုင်ရှင်မှလွှဲပြီး အခြားမည်သူ့ကို ထိခွင့်မပြုပေ။သူတို့ရဲ့ခေါင်းဆောင်က လူငယ်လေး၏ခါးကို သူ့အမြီးနှင့်ရစ်ပတ်ထားပေမဲ့ ဒါက ၎င်းကိုထိတွေ့ခွင့်ပြုတယ်လို့မဆိုလိုဘူး။

တကယ်လို့သူ့မျက်လုံးတွေကိုသာ အနက်ရောင်ပိတ်စနှင့်မကာထားဘူးဆိုရင် တည်ရှိနေတဲ့ဇာ့ဂ်စစ်သားတွေက ဒီအချိန်မှာ ငွေရောင်ဆံပင်နှင့်ဇာ့ဂ်၏သူငယ်အိမ်တွေ ကျဉ်းမြောင်းနေတာကို ခံစားနိုင်လိမ့်မည်။ဒါက အခြားသူတွေ၏အမြင်မှာတော့ သူမပျော်ရွှင်တာဖြစ်လိမ့်မည်။ဒါကိုမြင်တဲ့ဘယ်သူမဆို ဤသည်မှာ အန္တရာယ်ရှိတဲ့အမူအရာလို့ဘဲ ယုံမှားသံသယဖြစ်ကြလိမ့်မည်။

ဝိညာဉ်ရေးရာချိတ်ဆက်မှုသည် အဲလ်ဖာအဆင့်ဇာ့ဂ်တွေအပေါ် သိသာထင်ရှားတဲ့သက်ရောက်မှုတစ်ခုရှိပုံမပေါ်ပေ။ဒါကဘဲ ဘာကြောင့် သူတို့ခေါင်းဆောင်၏ဒေါသကို သိသည့် အဆင့်မြင့်ဇာ့ဂ်တွေသည် အထိတ်တလန့် အသက်ရှူမဝဖြစ်လုနီးပါးဖြစ်စေလဲဆိုတာပင်။တကယ်လို့ သူတို့ခေါင်းဆောင်ကသာ တိုက်ခိုက်လာရင် သူတို့က သူ့ကိုတားဆီးပြီး ဘုရင်ကို ကာကွယ်နိုင်ပါ့မလား?သူတို့ရဲ့နှလုံးသားက အဆိုးမြင်တဲ့အဖြေကိုသာ ပေးခဲ့ပြီး ဇာ့ဂ်စစ်သားတွေကို ပိုလို့တောင် အထိတ်တလန့်ဖြစ်လာစေတယ်။

သို့သော်လည်းဘဲ စက္ကန့်အနည်းငယ်ကြာပြီးသည်အထိ အဆင့်မြင့်ဇာ့ဂ်အုပ်စု အနီးကပ်စောင့်ကြည့်မှုအောက်မှာ ငွေခိုးရောင်အမြီးသည် မလှုပ်ရှားပေ။၎င်းက မကျေမနပ်ဖြစ်ပုံမရဘဲ လူငယ်လေး၏ခါးကို တိတ်တဆိတ်ရစ်ပတ်ထားဆဲဖြစ်တယ်။

Zergဘုရင်လေးWhere stories live. Discover now