၁၂.၁

115 20 0
                                    

အခန်း(၁၂.၁)

ကုဟိုင်ရှေ့မှာချထားတဲ့ အဖြူရောင်နို့သည် ဇာ့ဂ်ကလေးတွေအတွက် အထူးအမှတ်တံဆိပ်တစ်ခုဖြစ်တယ်။ကုဟိုင်က နို့ခွက်ကိုလက်လှမ်းလိုက်တဲ့အချိန်မှာ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ဇာ့ဂ်တွေရဲ့မျက်လုံးတွေက အနည်းငယ်ပိုတောက်ပလာတယ်။ကုဟိုင် ဥခွံစားနေတဲ့အချိန်မှာတောင် တာ့ခ်တွေရဲ့ဒေါင်လိုက်မျက်ဆံတွေက ကုဟိုင်အပေါ်မှာတိုက်ရိုက်အာရုံစိုက်ထားပြီး သူတို့မျက်ဝန်းတွေကကျဉ်းမြောင်းသွားတယ်။

တစ်ခုတည်းသောချွင်းချက်မှာ ကုဟိုင်ဘေးမှာထိုင်နေတဲ့ အဲလ်ဗတ်ဖြစ်နိုင်တယ်။ရုပ်ပိုင်းဆိုင်ရာဘဲဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာဘဲဖြစ်ဖြစ် နှစ်မျိုးလုံးမှာ ကုဟိုင်က အရွယ်ရောက်သူတစ်ယောက်၏အခြေအနေဆိုတာ သံသယဖြစ်စရာမရှိဘူး။ဒါကြောင့် အဲလ်ဗတ်က လူငယ်လေးကို ဥမှပေါက်ခါစ မွေးကာစကလေးငယ်တစ်ယောက်ဖြစ်ပေမဲ့ လူငယ်လေးအဖြစ်သာ ဆုံခဲ့တယ်။

အဲလ်ဗတ်က ခဏလောက် လေ့လာပြီးနောက်မှာ သူက တစ်ဖက်လူကို သူ့လိုဇာ့ဂ်တစ်ယောက်အဖြစ်သာမြင်ခဲ့တယ်။ပြောရရင် အခြားဇာ့ဂ်တွေကလည်း ဒါကိုနားလည်ပေမဲ့ သူတို့က အဲလ်ဗတ်နှင့် ကွာခြားတယ်။သူတို့က ကုဟိုင်အပေါ်မှာ မိဘရူးပုံစံသာရှိပြီး သူတို့က တစ်ဖက်လူကို အမြဲတမ်းကလေးလေးအဖြစ်သာ မှတ်ယူထားတယ်။

သူတို့ရဲ့ဘုရင်က လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ မွေးဖွားခဲ့တာဖြစ်တယ်။သူက သဘာဝကျစွာဘဲ ကလေးငယ်သာရှိသေးတယ်။တကယ့်အခြေအနေကို ဆင်ခြင်တုံတရားဖြင့်နားလည်နိုင်သော်လည်းဘဲ မိဘတစ်ယောက်၏စိတ်နေစိတ်ထားကို ယခုအခြေအနေမှာ ဖယ်ရှားရန် ခက်ခဲလှတယ်။

ကုဟိုင်က ဇာ့ဂ်ကလေးတွေအတွက် အထူးနို့ခွက်ကို ကိုင်လိုက်တယ်။ဇာ့ဂ်တွေ၏မျက်လုံးအောက်မှာဘဲ သူ့ရဲ့ရှက်စိတ်ကို ကျော်လွှားနိုင်သွားတယ်။ဒါက နို့တစ်ခွက်မျှသာဖြစ်တယ်။ဒါက သာမန်နွားနို့သောက်တာနှင့် ဘာမှမကွာခြားဘူး။ဒါက နို့ဘူးသောက်ရတာထက်စာရင် ဒါကဘာမှရှက်စရာမကောင်းဘူး။

ဒီနည်းလမ်းအားဖြင့် ကုဟိုင်က သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ခဲ့တယ်။ကုဟိုင်က နို့ခွက်ကိုယူပြီး သူ့နှုတ်ခမ်းနှင့်ထိတော့မည့် အချိန်မှာဘဲ ရုတ်တရက် စစ်ဦးစီးချုပ်ချုပ်၏မဝံ့မရဲမေးသံကို ကြားလိုက်ရတယ်။

Zergဘုရင်လေးحيث تعيش القصص. اكتشف الآن