၁၀.၁

156 42 0
                                    

အခန်း(၁၀)

စွန့်ပစ်ဂြိုဟ်၏ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုနှင့်မတူဘဲ တူဆာတွင် ယခုအချိန်မှာ အအေးလွန်တဲ့ဆောင်းရာသီအလယ်တွင်ရှိနေတယ်။

ဆောင်းရာသီရဲ့ကောင်းကင်သည် ထူးထူးခြားခြား ဖြူဖွေးသန့်စင်နေပြီး အပြာရောင်ကျောက်ကို ပွတ်တိုက်ထားသကဲ့သို့ပင်။တူဆာကြယ်တစ်ခုလုံးသည် ဒီကြားမားလှတဲ့ကျောက်မျက်ရဲ့ရောင်ပြန်ဟတ်မှုအောက်တွင် အမြဲရှိနေခဲ့သည်။

အေးမြပြီး နိမ့်ပါးသောအပူချိန်သည် ဇာ့ဂ်တွေအပေါ်အနည်းငယ် သက်ရောက်မှုရှိတာကြောင့် အဆင့်မြင့်ဇာ့ဂ်တွေအားလုံးက အနက်ရောင်စစ်ယူနီဖောင်းကို ဝတ်ဆင်ထားကြသည်။သို့သော် သူတို့မျက်လုံးအောက်ရှိ ငွေရောင်ဆံပင်နှင့်ပွေ့ချီထားတဲ့ လူငယ်လေး၏ အေးစက်တဲ့လေကို ခံစားမိတာကြောင့် နိုးလာသည်။

ဒီရှာဖွေတွေ့ရှိမှုက ရှိနေတဲ့ဇာ့ဂ်တိုင်း ခံစားချက်ကို အနည်းငယ်လွှမ်းမိုးသွားတာကြောင့် သူတို့က ဘာလိုပြုမူရမှန်းမသိကြဘူး။

နက်မှောင်တဲ့ဆံပင်နှင့်လူငယ်လေးသည် အိပ်ငိုက်နေတဲ့မျက်လုံးတွေနှင့် အလွန်ကိုနူးညံ့လှတယ်။သူဆံပင်တွေနှင့်အသားရေသည် နူးညံ့ပျော့ပျောင်းပုံရပြီး အခုသူ့ရဲ့လက်ရှိအိပ်ငိုက်နေတဲ့အသွင်အပြင်သည် သာမန်ဇာ့ဂ်ကလေးတွေထက်ပင် ပို၍နူးညံ့သိမ်မွေ့နေတယ်။သူတို့က သူ့ကိုကာကွယ်ပေးချင်ကြတယ်။

အအေးဒဏ်ကြောင့် ကုဟိုင်သည် သူ့ခန္ဓာကိုယ်ကို ပျော့ပြောင်းပြီး ကျုံ့သွားစေတယ်။ဒါပေမဲ့ သူ့ကိုအဲလ်ဗတ်က ပွေ့ချီထားတာကြောင့် နောက်ကိုကျုံ့ဝင်သွားတာက အဲလ်ဗတ်နှင့်ပိုနီးသွားအောင် အစပြုလုပ်ဆောင်တာနှင့်တူတယ်။

ထိုသို့သောနီးကပ်မှုက ချဉ်းကပ်ခံရသူကို မှီခိုအားထားမှုကို ခံစားရစေတယ်။အဲလ်ဗတ်သည် သူ့ခန္ဓာကိုယ်ကို အနည်းငယ်တင်းကျပ်စွာပွေ့ဖက်ထားလိုက်ပြီး သူ့ရဲ့အေးစက်တဲ့အမြီးကို လူငယ်လေးထံမှ ဖယ်ရှားလိုက်ပြီး လူတန်းရဲ့ညာဘက်အစွန်မှာ ရပ်နေတဲ့သူကို ဦးတည်ပြောလိုက်တယ် "လီယို..မင်းရဲ့စွမ်းရည်ကို ပူနွေးစေဖို့ အသုံးချလိုက်"

Zergဘုရင်လေးWhere stories live. Discover now