အခန်း(၂.၁)
သေသွားဖို့ ဒီနေရာမှာဘဲ စောင့်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး..ဒါပေမဲ့ ငါ တကယ်ကို ကိုယ်တုံးလုံးမပြေးချင်ဘူး..
ဆန့်ကျင်ဘက်အတွေးတွေက ကုဟိုင်၏လုပ်ဆောင်ချက်ကို ခဏရပ်သွားစေပြီး သူ့စိတ်ထဲမှာ အတွေးနှစ်ခုသာရှိတယ်..
ပထမအချက်..လွတ်မြောက်အောင် ကြိုးစားလိုက်ပါ...
ဒုတိယအချက်..အဝတ်အစားလိုချင်တယ်..
ကုဟိုင်သည် သူ့ခေါင်းထိုးထွက်နေတဲ့အနေအထေားကို ထိမ်းသိမ်းပြီး လက်နှစ်ဖက်က ဥခွံ၏အစွန်းတွေပေါ်မှာရှိနေသည်။သူ့စိတ်ထဲမှာ အဝတ်အစားဆိုတာပေါ်လာတဲ့အခိုက်အတန့်မှာ သူနားမလည်နိုင်တဲ့ တစ်စုံတစ်ခုဖြစ်ပျက်သွားသည်။
သူထိထားတဲ့ အဖြူရောင်ဥခွံအပိုင်းအစလေးတစ်ခုက လေထဲမှာ ရုတ်တရက်ပျောက်ကွယ်သွားပြီး တစ်ချိန်ထဲမှာဘဲ ရိုးရှင်းတဲ့အဝတ်အစားတစ်စုံက သူ့ခန္ဓာကိုယ်ပေါ်မှာ ပေါ်လာတယ်။
ပြေး!
သူ့ခန္ဓာကိုယ်က သူ့စိတ်ထက်တောင် မြန်သေးတယ်..ကုဟိုင်ဟာ သူ့လက်နှစ်ဖက်ကို အားပြုပြီး လျှင်မြန်စွာ အပြင်ကို ခုန်ထွက်လိုက်သည်။ထို့နောက် သူက သူလွတ်မြောက်နိုင်တဲ့လမ်းကြောင်းကနေ အမြန်ဆုံးနည်းနဲ့ ပြေးတော့တယ်။
ကုဟိုင်၏အတွေးတွေက ပြေးဖို့သာရှိတယ်။နဂိုတုန်းက သူ့ဘေးပတ်ပတ်လည်မှာ ဝန်းရံနေတဲ့ အန္တရာယ်ရှိတဲ့သတ္တဝါတွေသည် ဖြည်းဖြည်းချင်း သတိပြန်ဝင်လာပြီး သူ့နောက်ကိုအရှိန်နဲ့ပြေးလိုက်တော့သည်။
ကြယ်တာရာရှိမျိုးနွယ်ရှိ လူတွေက ဇာ့ဂ်အစုအဝေးနဲ့ရင်ဆိုင်ရတဲ့အခါ ထုံကျင်တဲ့ဦးရေပြားသာရှိသည်။ဒါက ဘာကြောင့်လဲဆိုတော့ သူတို့က သေခြင်းတရားကို မကြောက်တဲ့တိုက်ခိုက်မှုတစ်ခုဖြစ်လို့ဖြစ်တယ်။
သေရမှာ ကြောက်ရွံ့မှုမရှိဘူး။ဇာ့ဂ်စစ်သားတွေက သူတို့အထက်လူကြီး၏အမိန့်ကိုသာ နာခံပြီး နာကျင်မှုကို လျစ်လျူရှူကာ အေးစက်ပြီးစာနာစိတ်မရှိတဲ့ သဘောထားဖြင့် ရန်သူကိုဖျက်ဆီးပစ်သည်။သူတို့၏သေခြင်းကို ယဇ်ပူဇော်ခြင်းလို့ မမြင်ပေမဲ့ သဘာဝနည်းပရိယာယ်အဖြစ် ရှူမြင်ကြသည်။