၉.၁

173 46 0
                                    

အခန်း(၉)

ခြုံငုံကြည့်လျှင် ဇာ့ဂ်တွေက ပျော်ရွှင်တဲ့ဘဝကို ရရှိရန် သိပ်အာရုံမစိုက်တဲ့မျိုးနွယ်စုဖြစ်တယ်။

ဇာ့ဂ်တိုင်းက ထူးချွန်တဲ့စစ်သားတွေအဖြစ် မွေးဖွားလာကတည်းက သူတို့က သဘာဝအတိုင်း စစ်မြေပြင်နှင့်သင့်လျော်တယ်။ဇာ့ဂ်အများစုက မည်သည့်အခြေတွင်မဆို အသက်ရှင်နေထိုင်နိုင်ပြီး ပုံမှန်အားဖြင့် သက်သောင့်သက်သာနေထိုင်ရန် ထည့်သွင်းစဉ်းစားခြင်းမရှိပေ။အခုတော့ သူတို့မှာ ထည့်သွင်းစဉ်းစားစရာ တစ်စုံတစ်ယောက်ရှိလာပြီ။

ကုဟိုင်က ထိုင်ခုံမှာထိုင်ပြီး ခဏလောက် အိပ်လိုက်တယ်။သူ့အိပ်ပျော်နေတဲ့အနေအထားက သက်သောင့်သက်သာမရှိတာကြောင့် သူက မသိစိတ်ကနေ အသံထွက်မိတယ်။

ဒီအသံက ကုဟိုင်ဘေးမှာရပ်နေတဲ့ တာ့ခ်ဇာ့ဂ်တွေကို အက်ကွဲတဲ့အသံတိုးတိုးတစ်သံကို ထုတ်လွှတ်စေတယ်။အရင်တုန်းက စွန့်ပစ်ဂြိုဟ်ပေါ်မှာဆိုရင် သူတို့က ကလေးကို ဥခွံထဲထည့်ပြီး အိပ်ပျော်ရန် လှုံ့ဆော်ပေးတယ်။အခု ဥခွံကို သူတို့ဆွေမျိုးတွေက သိမ်းသွားတယ်။

ကြီးကြပ်ခန်းက အဆင့်မြင့်ဇာ့ဂ်အများအပြားသည် အိပ်ပျော်နေတဲ့လူငယ်လေးကို တောက်ပတဲ့မျက်ဝန်းတွေနှင့်ကြည့်နေတယ်။သူတို့က ဒီဆူညံသံကို ကြားရတဲ့အခိုက်မှာ ရပ်တန့်သွားတယ်။ဘုရင်က ထိုင်ခုံပေါ်မှာ ဒီလိုမျိုးအိပ်ပျော်နေတာက သက်သောင့်သက်သာမရှိသလို ခံစားရတာလား....

အိပ်စက်ခြင်းက ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တစ်ခုသာဖြစ်ပြီး သူတို့အတွက် အိပ်စက်ခြင်းလိုအပ်ချက်က အလွန်နည်းပါးတယ်။အနည်းငယ်ပိုအိပ်တဲ့ကလေးတစ်ချို့ကလွှဲပြီး အရွယ်ရောက်ဇာ့ဂ်တွေက သူတို့က ဆယ်ရက်လောက်မအိပ်ဘဲနေရင်တောင် ပင်ပန်းတယ်လို့မခံစားရဘူး။သူတို့ တကယ်အနားယူဖို့လိုလာရင်လည်း ခဏလောက် တစ်မှေးအိပ်ရုံသာဖြစ်တယ်။

ဒါ့ကြောင့် ဒီအခြေအနေနှင့်ရင်ဆိုင်ရတဲ့အခါ အဆင့်မြင့်ဇာ့ဂ်တွေက လူငယ်လေးအတွက် သင်္ဘောပေါ်တွင် လဲလျောင်းအိပ်စက်ရန် အိပ်ရာမရှိတာကို တွေ့လိုက်ရတယ်။သူတို့က ဒီထိုင်ခုံခွဲထုတ်ပြီး အိပ်ရာတစ်ခုလုပ်သင့်လား....

Zergဘုရင်လေးWaar verhalen tot leven komen. Ontdek het nu