အပိုင်း-၁

Start from the beginning
                                    

//

"ပြန်ရောက်ပါပြီ"

အိမ်ရောက်တာနဲ့ အေးစက်တဲ့လေထုက Jeonghan ကိုကြိုဆိုသည်။ သူ့အခန်းထဲသာ တိတ်ဆိတ်စွာဝင်သွားရင်းနဲ့ လွယ်အိတ်ထဲက A4စာရွက်ကလေးကို ထုတ်ကြည့်မိသည်။ အတိအကျပုံဖော်လို့မရတဲ့ ယောက်ျားသားတစ်ယောက်ရဲ့ မျက်နှာအစိတ်အပိုင်း။ သေချာတာတစ်ခုကတော့ ပါးချိုင့်ဖျော့ဖျော့တစ်ခုက အသေးစိတ်ကျလှသည်။ စာရွက်ထဲမှာတောင် မည်းနက်လှသည့်မျက်ခုံးမွှေးတို့က ကြည့်ကောင်းလွန်းသည်။ Jeonghan တစ်ယောက်စာရွက်ကလေးကို ရင်ဘတ်မှာပိုက်ရင်း အတွေးပင်လယ်တို့က ရှေ့သုံးရက်က အဖြစ်အပျက်တစ်ခုဆီ လက်ပစ်ကူးနေသည်။

//

ထိုနေ့က Jeonghan တစ်ယောက် Tteokbokki စားဖို့လမ်းထိပ်ခဏအထွက်မှာ မျက်နှာချင်းဆိုင်က Basketball ကွင်းထဲ ကစားနေကြတဲ့ လူငယ်တစ်သိုက်ဆီ အာရုံရောက်သွားသည်။ Tteokbokki ကိုပါးစပ်ထဲသွတ်သွင်းလိုက်၊ Basketball ကစားနေကြတဲ့ သူ့အရွယ်ကောင်လေးတွေဆီ အကြည့်ရောက်လိုက်နဲ့ အလုပ်ရှုပ်နေသည်။ အဲ့ဒီတစ်ခဏမှာပဲ ကောင်လေးတစ်ယောက်ကို Jeonghan တစ်ယောက် စူးစမ်းမိသွားသည်။ မျက်စိမမှိတ်စတမ်းငေးနေရင်းမှာပဲ ထိုကောင်လေးက 3 pointer ဂိုးသွင်းသွားလေသည်။ အံ့ဩသွားခြင်းရဲ့ အကျိုးဆက်ကတော့ ပါးစပ်ထဲက Tteokbokki တောင်မဝါးမိဘဲ သည်တိုင်းမျိုချမိခြင်းပင်။ Jeonghan ကြည့်နေတဲ့တစ်ယောက်ကတော့ သူဂိုးသွားလို့ နှစ်နှစ်ခြိုက်ခြိုက်ပြုံးရင်း သူ့သူငယ်ချင်းတွေနဲ့ အောင်ပွဲခံနေလေသည်။ ထူးခြားတာတစ်ခုက လူတွေသည်လောက်များနေတဲ့ကြားထဲကမှ သည်ကောင်လေးကိုမှ မျက်ခြေမပျက်စူးစမ်းကြည့်နေမိခြင်းပင်။ အဲ့နေ့ကစပြီး Basketball ကောင်လေးက Jeonghan ရဲ့တစ်နေ့တာဆီ ကူးခတ်ဖြတ်သန်းလာရုံသာမက ဒိုင်ယာရီစာအုပ်လေးထဲမှာပါ နေရာယူလာလေသည်။ မိနစ်ပိုင်းမျှကာလအပိုင်းအခြားအတွင်းမှာ သူ့အာရုံအလုံးအရင်းလိုက် လုယူသွားတဲ့ ထိုကောင်လေးကို Jeonghan ကိုယ်တိုင်လည်းအံ့ဩရသည်။ အဆုံးစွန်အထိပြောရရင် သူ့ရဲ့Crush ဖြစ်တဲ့ Hong Jisoo ကိုတောင်မေ့မေ့လျော့လျော့ဖြစ်သွားရသည်။

//

ကတောင်

အတွေးတို့က မက်ဆေ့ချ့် Noti အသံကြောင့် ရပ်သွားရသည်။ စာပို့လာသူက Mingyu။ ဂိမ်းဆော့ဖို့အဖော်ညှိခြင်းပင်။ သူလည်းလုပ်စရာမရှိတာနဲ့ Mingyu၊ Seung Kwan၊ Seokmin တို့နဲ့ဂိမ်းဆော့နေလိုက်သည်။

"DANCIN' On to Your Heartbeat"Where stories live. Discover now