အပိုင်း(၃၇.၁)

Începe de la început
                                    

သူကပြောရင်းဆိုရင်း ထူးဆန်းစွာရယ်လာခဲ့ပြီး

' ဝန်ခံလိုက်စမ်းပါ...မင်းလည်းဆွဲဆောင်ခံလိုက်ရတယ်မို့လား...ဒါကြောင့် သူနဲ့နီးစပ်ဖို့ တမင်ဆင်ခြေပေးနေတာ...မင်းသူ့ကို သဘောကျတာ ဝန်ခံဖို့ အရမ်းခဲယဉ်းနေလား...မင်းက ငါတွေ့ဖူးသမျှလူတွေထဲမှာ သူတော်ကောင်းယောင်အဆောင်ဆုံးပဲ '

ရွှမ်းရန်ရဲ့မျက်လုံးတွေက အနည်းငယ်အေးစက်နေလျက်၊ သူက လက်ကောက်ဝတ်ရှိပုတီးစေ့များကို စိတ်ရှုပ်စွာဖိလိုက်တော့ နားထဲရှိအသံမှာလည်း နောက်ဆုံးတွင်ဖိနှိပ်ထားခံလိုက်ရသည်။

လင်းကျစ်ရန်ဟာ တက်ကြွစွာပင်နိုးလာခဲ့ ပြီး တံခါးကိုဖွင့်ကာ ခေါင်းလှည့်ကြည့်လိုက်တော့ တံခါးဘေးတွင်ရပ်နေသော အရပ်ရှည်ရှည်အမျိုးသားကိုတွေ့လိုက်ရသည်။ စက္ကန့်အနည်းငယ်လောက်ကြာမှဒီလူက သူမနေ့က ခေါ်လာခဲ့တဲ့လူမှန်း မှတ်မိသွားတော့သည်။

လင်းကျစ်ရန် သူ့ကို ခေါ်လိုက်ဖို့ တွေးမိစဉ်မှာပင် ထိုလူက  နံနက်စောစောသူမထခင်ကတည်းက လာ၍ ရပ်စောင့်နေလေသည်။ အစေခံတစ်ယောက်အနေဖြင့် သူက တော်တော်လေးစေ့စပ်ပုံရသည်။

လင်းကျစ်ရန်က သူ့ရဲ့ လုပ်ဆောင်နိုင်မှုအပေါ် အလွန်ကျေနပ်သွားသည်။ သူကတွေးလိုက်ရင်း မေးကိုမြှောက်က ဆို​၏။ " မျက်နှာသစ်ဖို့ ရေသွားယူခဲ့ "

ရွှမ်းရန်က မျက်လုံးများကို ပင့်ပြီး သူ့ကိုကြည့်လိုက်ကာ တိတ်တဆိတ်ပင်လှည့်ထွက်သွားသည်။ မကြာခင်မှာပင် ရွှမ်းရန်က ရေထည့်ထားသော ကြေးဇလုံတစ်ခုကို ကိုင်လျက်ပြန်ရောက်လာခဲ့သည်။

သူက ရေဇလုံကို အခန်းထဲတွင်ချလိုက်ပြီးနောက်သို့ တစ်လှမ်းဆုတ်ကာ ခေါင်းငုံ့ပြီးရပ်နေလေသည်။ ထို့နောက် လင်းကျစ်ရန် မျက်နှာသစ်ပြီးပြီးချင်း ရေဇလုံကို ပြန်သယ်ကာ အပြင်သို့ ထွက်သွားလေတော့သည်။လင်းကျစ်ရန်ကတော့ ကုလားထိုင်ပေါ်မှာ သက်တောင့်သက်သာရှိစွာထိုင်ရင်းမျက်လုံးတွေကိုမှေးစင်းကာ ခဏနေ ဘာစားရမလဲတွေးနေစဉ် ထိုလူက ထမင်းဟင်း ပန်းကန်များနှင့်အတူ ပြန်ရောက်လာခဲ့လေသည်။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Unde poveștirile trăiesc. Descoperă acum