Part 46

322 57 12
                                    

Unicode

တက္ကသိုလ်ဘွဲ့နှင်းသဘင်ခမ်းမထဲမှာ ကျင်းပတဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲက သိပ်ကိုရိုးရှင်းပါတယ်။ ဝင်ပေါက်မှာ ကျောင်းသားကဒ်တွေကိုစစ်ဆေးပေးပြီး နေရာချပေးတဲ့အဖွဲ့ရှိတယ်။ မုန့်ဝေတဲ့အဖွဲ့ရှိတယ်။ အခမ်းအနားကို တင်ဆက်ပေးတဲ့အဖွဲ့ရှိတယ်။ ဧည့်သည်ကျောင်းသား(အခြားအထူးပြုဌာနမှကျောင်းသား) တွေကို နေရာသက်သက်နဲ့ အိမ်ရှင်ကျောင်းသားတွေကို သက်သက်စီ နေရာချထားပေးတယ်။ မုန့်တွေဝေပေးတဲ့အဖွဲ့က ဧည့်သည်ကျောင်းသားတွေကို အအေးတစ်ဘူးသာပေးပြီး အိမ်ရှင်ကျောင်းသားတွေကိုတော့ တချို့သော စားသောက်ဖွယ်တွေနဲ့ဧည့်ခံပါတယ်။ အခမ်းအနားတင်ဆက်ပေးမယ့်အဖွဲ့က စင်မြင့်ထပ်မှာ နေရာယူပါတယ်။

ထိုပွဲသို့ တက်ရောက်ခြင်း၊ မတက်ရောက်ခြင်းကို ဆွေးနွေးအပြီး တိုက်နျန်းနျန်းနဲ့ကျွန်တော်သာ ထိုပွဲတွင်းသို့ရောက်ရှိခဲ့ပါတယ်။ ဟူကျစ်ရှကိုတော့ ဘယ်လိုမှခေါ်လို့မရခဲ့ပါဘူး။

ပွဲအတွင်း ရောက်သွားတဲ့ တိုက်နျန်းနျန်းနဲ့ကျွန်တော်က စင်ကိုမြင်သာတဲ့နေရာမှာထိုင်ခွင့်ရပါတယ်။ ပွဲစီစဉ်သူတွေတင်မက ဧည့်ခံသူတွေရော မုန့်ဝေသူတွေရောက စီနီယာတွေဖြစ်တဲ့အတွက် သိပ်ပြီးမခမ်းနားပေမဲ့ ထူးကဲတဲ့အငွေ့အသက်တချို့နဲ့ ရင့်ကျက်စေတဲ့အငွေ့အသက်တချို့ကိုရစေပါတယ်။ ထိုင်ရတဲ့နေရာတစ်ခုစီတိုင်းမှာ အရောင်လေးရောင်ပါတဲ့ ကဒ်ပြားလေးကဒ်ကပ်ရှိတယ်။ ဘာအတွက်မှန်းမသိတဲ့အတွက် ထိုအရာကို ကိုင်တောင်မကြည့်ခဲ့ပါဘူး။

"Dili ! Dili !" တိုက်နျန်းနျန်းက Dilireba နဲ့တူတဲ့စီနီယာအစ်မကို ပြန်တွေ့လိုက်တဲ့အခါ ကျွန်တော့်လက်မောင်းကိုဆွဲပြီး အတူကြည့်ပါတယ်။

ထိုစီနီယာအစ်မက သိပ်‌လှအောင်ပြင်ဆင်ထားခဲ့ပြီး ‌ဦးခေါင်းထပ်တွင်လည်း သရဖူကို ဆောင်းထားပါသေးတယ်။ သူမရဲ့နံဘေးတွင်လည်း သရဖူဆောင်းထားတဲ့ စီနီယာအစ်ကိုတစ်ယောက်လည်းရှိတယ်။ ထိုစီနီယာအစ်ကိုက 2005 Chinese Paladin ရုပ်ရှင်ထဲက ဟူကော နဲ့တူတယ်။

"ချောလိုက်ကြတာဟာ" တိုက်နျန်းနျန်းရေရွတ်တာကို ကျွန်တော်ခေါင်းညိတ်ပြီးထောက်ခံလိုက်တယ်။

In the end ... ? (YiZhan)Where stories live. Discover now