Unicode
အလယ်တန်း တတိယနှစ်နှစ်လယ်ပိုင်း။
နှစ်ဝက်စာမေးပွဲဖြေပြီးတဲ့နောက်ရက်။
တိုက်ဆိုင်စွာပဲ ကျွန်တော့်အစ်ကိုသည်လည်း ဆွစ်စလန်ကနေပြီးကျောင်းပြီးလို့ပြန်လာတဲ့နေ့လည်းဖြစ်တယ်။မိသားစုအလွမ်းတွေသယ်ကြဖို့အတွက်ကျွန်တော်ဟာကျောင်းသုံးရက်ပျက်လိုက်ပြန်တယ်။ စာမေးပွဲပြီးလို့ သင်ခန်းစာတွေပြန်စသင်တဲ့နေ့ရက်တွေမှာတချို့သောဆရာမတွေက သင်ခန်းစာကို အနည်းအကျဉ်းသာသင်ကြတဲ့အတွက်ထိုသုံးရက်တာကိုကျွန်တော်ရဲဝံ့စွာပျက်ကွက်နိုင်ခဲ့တယ်။
ကျွန်တော့်အစ်ကိုကတော့ပြောခဲ့ပါတယ်။
"ကိုကို စာတွေပြန်ရှင်းပြပါ့မယ်" လို့လေ။သို့ပင်မဲ့ ... ။
ကျွန်တော့်အစ်ကိုဆီမှာ ကျွန်တော်စာမသင်ရဲဘူး။ ကျွန်တော်အစ်ကိုကထက်မြက်ပင်မယ့်တခြားသူကိုပြန်သင်ပြတဲ့နေရာမှာတော့ စိတ်ကမရှည်ပြန်ဘူး။ ကျွန်တော်ကတုံးအတဲ့လူတစ်ယောက်။ စိတ်မရှည်တဲ့လူဆီမှာ တုံးအတဲ့လူတစ်ေယာက်ဟာ ဘယ်လိုများ စာမေးစာပြန်လုပ်ဖို့ဖြစ်နိုင်ပါ့မလဲ။ တစ်ခေါက်ရှင်းပြရုံတဲ့နားမလည်တဲ့ကျွန်တော်က ကိုယ်ပိုင်လေ့ကျင့်ချိန်ကိုများများယူခဲ့ရတယ်။ ဒီလိုအချိန်ယူတာကိုကျွန်တော့်အစ်ကိုက နည်းနည်းလေးမှ မကြိုက်ဘူး။ ကျွန်တော့်အစ်ကိုဆီမှာ 'သူရှင်းပြတာနဲ့နားကိုနားလည်ရမယ်´ ဆိုတဲ့တယူသန်စိတ်ကလေးတစ်ခုလည်းရှိတယ်။ ကျွန်တော်ကတစ်ကြိမ်နဲ့နားမလည်လို့မေးလေ ကျွန်တော့်အစ်ကိုကစိတ်မရှည်တော့ပဲဒေါသတွေဖြစ်လာလေနဲ့။ နှစ်ဦးသား စာရှင်းပြပြီးလို့နားကြပြီဆိုရင်ကျွန်တော်မျက်ရည်ဟာလက်ကိုင်ပုံးတစ်ပုံးစာလောက်လည်းကျပြီးနှင့်ပြီ။တစ်ကြိမ်... နှစ်ကြိမ်...။
အများဆုံးသုံးကြိမ်ပဲ။ ဒီထက်ပိုပြီးကျွန်တော့်အစ်ကိုဆီမှာ ကျွန်တော်စာမသင်ခဲ့ဖူးဘူး။ ကျွန်တော့်အစ်ကိုဟာလည်းကျွန်တော့်ကိုလွှတ်ကိုထားခဲ့တယ်။ သူလည်းမသင်ပေးတော့ဘူး။
YOU ARE READING
In the end ... ? (YiZhan)
Non-Fictionမသိတတ်ကြသေးတဲ့အချိန်မှာ ရရှိခဲ့ဖူးတဲ့ ချစ်ခြင်းတရားတစ်ခုသက်သက်ပါပဲ 🖤 YiZhan 11 Jun,2021 >>> ongoing Just a love diary 💛