Unicode
နိုးထလာခဲ့ရတဲ့ မနက်ခင်းက အရင်နေ့ရက်တွေလိုပဲ။ အိပ်ရာနံဘေးနားက စာကြည့်ခုံပေါ်မှာ ဖိတ်စာတစ်စောင်ကလွဲပြီး တခြား ဘာမှပိုမနေခဲ့ဘူး။ စာကြည့်ခုံပေါ်မှာ ကျွန်တော်သုံးတဲ့ကျောင်းသုံးစာအုပ်တွေရှိတယ်။ ဝတ္ထုစာအုပ်တချို့ရှိတယ်။ တစ်ကိုယ်ရည်သုံးပစ္စည်းနည်းနည်းပါးပါးရှိတယ်။ ဒီလောက်ပဲ။ အပိုပစ္စည်းအနေနဲ့ ဘာဆိုဘာမှရှိမနေဘူး။ဘောပင်တောင်လက်တလောသုံးနေတဲ့ သုံးလေးချောင်းကလွဲပြီး အပိုရှိမနေဘူး။ ကျွန်တော်က မျက်နှာသစ်ဆေးတောင်တစ်ဗူးကုန်မှနောက်တဗူးဝယ်တတ်တဲ့လူစားမျိုးလေ။ အရံသင့်ပစ္စည်းဆိုတာမရှိဘူး။ ရည်းစားဆိုတဲ့အရာသည်လည်း ထိုနည်းလည်းကောင်းပဲ။ ဘာလို့အရံသင့်ပစ္စည်းတွေမရှိလည်းဆိုရင်ကျွန်တော်က သာမန်မိသားစုကမွေးဖွားလာခဲ့ရတဲ့လူမို့လို့ပါ။
ဒါဟာ အရိုးရှင်းဆုံးအဖြေ။
ခပ်ဆန်းဆန်းပြောရမယ်ဆိုရင်နောက်နေ့အတွက်မုန့်ဖိုးရဖို့ဆိုတာ မသေချာတဲ့သာမန်မိသားစုဘဝမှာမွေးဖွားလာရတဲ့ကျွန်တော်ဟာ တနေ့ရတဲ့မုန့်ဖိုးကို တစ်နေ့အသုံးစာရိတ်တွေအတွက်သုံးစွဲပြီးရင်ကျန်တာကို စုထားရတယ်။ ကျွန်တော့်ကျောင်းလခအတွက်ကျွန်တော်ေမမေနဲ့ကျွန်တော်တစ်ယောက်တဝက်သွင်းဖြစ်တယ်။ ညစာကျက်ဝိုင်းအတွက်ရယ်ကျောင်းစာရိတ်အတွက်ရယ်ကိုတော့ ကျွန်တော့်ဘာသာ မုန့်ဖိုးစုပြီး လစာသွင်းဖြစ်တယ်။ ဒီလအတွက်အပိုအသုံးစာရိတ်ဟာဆိုရင်ဝမ့်အတွက်လက်ဖွဲ့ငွေဖြစ်လာမယ်။ သိပ်မကြာခင်မှာ ကျရောက်တော့မယ့်ဝမ်ရဲ့မင်္ဂလာဆောင်နေ့အတွက်ယွမ်၅၀၀၀ ကို စုဗူးထဲကထုတ်ပြီး စာရွက်လိပ်နီနီ(ဟုန်ပေါင်အိတ်)ထဲ ထည့်ထားလိုက်ပြီး ဗီဒီုအပေါ်ဆုံးအဆင့်အံ့ထဲမှာ ထည့်ထားလိုက်တယ်။ သိကျွမ်းခဲ့တဲ့ ကာလတစ်လျှောက်လုံးဝမ့်အတွက်ကျွန်တော်ဘာမှအရေးတယူ မလုပ်ပေးနိုင်ခဲ့ပင်မယ့်ဝမ့်လက်ထပ်ပွဲနေ့အတွက်တော့ ယွမ်၅၀၀၀ လက်ဖွဲ့သင့်တယ်မှတ်လား။
YOU ARE READING
In the end ... ? (YiZhan)
Non-Fictionမသိတတ်ကြသေးတဲ့အချိန်မှာ ရရှိခဲ့ဖူးတဲ့ ချစ်ခြင်းတရားတစ်ခုသက်သက်ပါပဲ 🖤 YiZhan 11 Jun,2021 >>> ongoing Just a love diary 💛